အမျိုးသား ဘတ်စကတ်ဘော ပြိုင်ပွဲ Semi-final အဆင့် ရလဒ်
- AAS-YTU

- Feb 27, 2020
- 1 min read
ယနေ့ ညနေ နှစ်နာရီခွဲ အချိန်တွင် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဖလား Semi-Final ပွဲစဉ်အဖြစ် ဗိသုကာကျောင်းသားများ ပါဝင်ကစားနေသည့် ArchiT အသင်း နှင့် C.EC (Evil) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ နှစ်သင်းလုံးသည် ရှိသမျှ ကစားအား ကို အစွမ်းကုန် ထုတ်သုံးကာ အကြိတ်အနှယ်ကစားခဲ့ပြီး နောက်ဆုံးတွင် ArchiT 26 - 39 C.EC (Evil) ဟူသော ရလဒ်ထွက်ပေါ်ခဲ့သည်။ ကျန် Semi-final ပွဲစဉ်ဖြစ်သည့် Mechanical အသင်းနှင့် Mechatronics အသင်း တို့၏ ပွဲသည် 24 - 34 ဟူသော ရလဒ်ထွက်ပေါ်ခဲ့သည်။ သို့ဖြစ်၍ တတိယ လု ပွဲစဉ် အဖြစ် ArchiT အသင်းနှင့် Mechanical အသင်းတို့သည် မနက်ဖြန် ညနေ နှစ်နာရီ တွင် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ပြီး C.EC အသင်းနှင့် Mechatronicsအသင်းတို့သည် ဗိုလ်လုပွဲ အဖြစ် မနက်ဖြန် ညနေ လေးနာရီတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။







Comments