top of page

Digital Tranformation in Higher Education

  • Writer: AAS-YTU
    AAS-YTU
  • May 1, 2020
  • 1 min read

ကျွန်တော်တို့ ရန်ကုန်နည်းပညာတက္ကသိုလ်-ဗိသုကာကျောင်းသာများအသင်းမှ ဦးဆောင်ပြုလုပ်တဲ့ Encountering Digital Literacy ဆိုတဲ့ Talk Show ရဲ့ ပထမဆုံး Topic အနေနဲ့ Digital Transformation in Higher Education ဆိုတဲ့ခေါင်းစဉ်နဲ့ ၂.၅.၂၀၂၀ (စနေနေ့) ညနေ ၅:၀၀ မှာ ၆:၃၀ အထိ ဟောပြောပေးသွားမည့် Speaker ကတော့ Phandeeyar မှာ Entrepreneurship Manager အဖြစ်လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကို ကျော်ထွန်းစိန်ပဲ ဖြစ်ပါတယ်။

Speaker ရဲ့ Biography အကျဉ်းရုံးကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ရပါတယ်ခင်ဗျ။

———————————————————


Kyaw Tun Sein


ကျော်ကတော့ ထုတ်ကုန် ၃ ခုကို အောင်အောင်မြင်မြင် ဒီဇိုင်းဆွဲပြီး၊ crowdfund လုပ်ဆောင်နိုင်ခဲ့တဲ့ maker တစ်ဦးဖြစ်ပါတယ်။ သူဟာ crowdfund စနစ်ကို သုံးပြီး နိုင်ငံပေါင်းစုံက သူ့ customer တွေအတွက် ထုတ်ကုန်တွေကို ပို့ဆောင်ရောင်းချနိုင်ခဲ့သူဖြစ်ပါတယ်။ Mechanical Engineering ဘွဲ့ နှင့် International Innovation မာစတာဘွဲ့ကို ရရှိထားသူတစ်ဦးဖြစ်တဲ့ ကျော်ဟာ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်နည်းပညာ ပြောင်းလဲတိုးတက်မှုတွေမှာ ပါဝင်ဖို့ ဖန်တီးရာကို ရောက်ရှိလာခဲ့ပြီး၊ ယခင်က UK က software startup တစ်ခုမှာ CTO အဖြစ် နှစ်နှစ်ခွဲကြာ လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ စွန့်ဦးတီထွင်သူ မျိုးဆက်သစ်တွေကို ပံ့ပိုးလေ့ကျင့်ပျိုးထောင်ပေးမယ့် ဖန်တီးရာရဲ့ Entrepreneurship Manager အဖြစ်လုပ်ကိုင်နေပါတယ်။

——————————————————

Digital Transformation တွေက Higher Education level တွေမှာ ဘယ်လောက်များ၊ ဘာတွေ၊ ဘယ်လိုအရေးပါနေပြီး ဘယ်လိုမျိုးတွေဆက်လက်လုပ်ကိုင်ဆောင်ရွက်ကြရမလဲဆိုတာကို ကိုကျော်ထွန်းစိန် ဦးဆောင်ဆွေးနွေးမယ့် Talk show မှာ ဆက်ဆက်နားထောင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျ။


ဒီ Talk အတွက် host အနေနဲ့ IET YTU On Campus (Institute of Engineering and Technology) မှ President ဖြစ်သူ ကိုမြတ်မင်းသူက ကူညီပေးသွားမှာဖြစ်ပါတယ်။


ree

Comments


bottom of page