Encountering Digital Literacy
- AAS-YTU

- May 1, 2020
- 1 min read
အားလုံးအတွက် အိမ်မှာနေရင်း မိမိကိုယ်ကိုတိုးမြှင့်နိုင်ဖို့အတွက် နောက်ထပ်အခွင့်အရေးတစ်ခု လာပါပြီခင်ဗျ။
Covid-19 ကြောင့် ကျွန်တော်တို့တစ်တွေ အိမ်မှာနေရင်းနဲ့ မိမိရဲ့ ဝါသနာ၊ မိမိစိတ်ဝင်စားတဲ့ အကြောင်းအရာ၊ ပညာရပ်တွေကိုလေ့လာရင်းနဲ့ မိမိကိုယ်ကိုယ်အချိန်ပေးပြီး တိုးတက်အောင်လုပ်နေကြမှာအသေအချာပါပဲ။
ထို့အတူ ဒီလို Digital ခေတ်စားလာတဲ့ IT ခေတ်ကြီးထဲမှာ Digital tools တွေကိုအသုံးချပြီး မိမိရဲ့ စွမ်းရည်တွေကိုမြှင့်တင်မယ်၊ ဒါ့အပြင် ဘာသာရပ်နယ်ပယ်မှာနှံ့စပ်ကျွမ်းကျင်ရုံသာမက မိမိရဲ့ Soft skill ကိုပါပိုမိုမြှင့်တင်နိုင်ဖို့အတွက် ကျွန်တော်တို့ “ရန်ကုန်နည်းပညာတက္ကသိုလ်-ဗိသုကာကျောင်းသားများအသင်း” ကနေဦးစီးပြီး သက်ဆိုင်ရာ နယ်ပယ်မှာကျွမ်းကျင်သူတွေက ဟောပြော လမ်းညွှန်ပေးသွားမယ့် “Encountering Digital Literacy” ဆိုတဲ့ Talk show လေးကို Topic နှစ်ခုနဲ့ အောက်ပါအတိုင်း စီစဉ်ပေးထားပါတယ်ခင်ဗျ။
Encountering Digital Literacy
Topic 1 : Digital Transformation in Higher Education
Saturday (2.5.2020) 5:00 pm to 6:30 pm
Topic 2 : Effective WFH Days
Tuesday (5.5.2020) 5:00 pm to 6:30 pm
အားလုံးအတွက်လို့ဆိုခဲ့တဲ့အတိုင်း ဒီ Talk show က YTU က Architecture Students သီးသန့်ပဲ မဟုတ်ပဲနဲ့ Digital Literacy ကို မိမိကိုယ်တိုင်ကိုယ်ကျနားလည်ချင်ပြီး Soft Skill ကိုမြှင့်တင်ချင်တဲ့ YTU ကျောင်းသူ၊ ကျောင်းသားအားလုံး၊ ဆရာ၊ဆရာမများသာမက မည်သူမဆိုဝင်ရောက် နားထောင်နိုင်မှာဖြစ်ပါတယ်။ Facebook page ကနေတစ်ဆင့် live လွှင့်ပြီး Talk show ကိုပြုလုပ်သွားမှာဖြစ်ကြောင်းအသိပေးလိုက်ရပါတယ်ခင်ဗျ။
နောက်နေ့များမှာလည်း သက်ဆိုင်ရာ Topic အလိုက် Speaker တွေကို ကြေငြာသွားမှာဖြစ်လို့ အားလုံးပဲ စောင့်မျှော်ပေးကြပါဦး။




Comments