Effective WFH Days
- AAS-YTU

- May 5, 2020
- 1 min read
Updated: May 6, 2020
စနေနေ့မှာ ပြုလုပ်ခဲ့တဲ့ Digital Transformation in Higher Education ဆိုတဲ့ Talk show ကိုစိတ်ပါဝင်စားနားထောင်ပြီး မေးခွန်းတွေမေးမြန်းကြလို့ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။
အခုဆိုရင် ဒုတိယမြောက် Talk show အနေနဲ့ Effective WFH Days ဆိုတဲ့ခေါင်းစဉ်နဲ့
အင်္ဂါနေ့ (၅.၅.၂၀၂၀) ညနေ ၆:၃၀ -၈:၀၀ အထိကို ဦးဆောင်ဆွေးနွေးသွားမှာကတော့ “ကိုရဲပြည့်သူ” ပဲဖြစ်ပါတယ်ခင်ဗျ။
ကိုရဲပြည့်သူရဲ့ ကိုယ်ရေးအကျဉ်းရုံးကိုတော့ အောက်ပါအတိုင်းဖော်ပြပေးလိုက်ရပါတယ်။
ကိုရဲပြည့်သူသည် လူမှုဆိုင်ရာစွန့်ဦးတီထွင်သူ၊ ပရဟိတစိတ်အားထက်သန်သူ ဆရာတစ်ဦးဖြစ်ပြီး United States, China နှင့် Netherland တို့တွင်ပညာသင်ကြားခဲ့ပြီး ဘွဲ့များစွာရှိခဲ့သူဖြစ်သည်။ သူသည် လက်ရှိ
Taxila Institute of Youth Leadership and Development, Youth Social Force Foundation တို့၏ Founder နှင့် Executive Director တစ်ဦးဖြစ်သည်။ ထို့ပြင် Hexagon Social Enterprise Co.Ltd ၏ Founder တစ်ဦးလည်းဖြစ်သည်။
ကိုရဲပြည့်သူသည် အသက် ၁၆နှစ်မှစတင်ကာ တက္ကသိုလ်ကျောင်းသားပေါင်း ၁၅၀၀၀ ကိုသင်ကြားပေးခဲ့ဖူးပြီး တက္ကသိုလ်ပေါင်း ၈၀ခန့်မှ ဆရာ၊ဆရာမပေါင်း ၂၅၀၀ကျော်တို့ကိုလည်းသင်ကြားပြသပေးခဲ့ဖူးသည်။ သူ၏ သုတေတနနယ်ပယ်များမှာ Organizational Behavior, Strategic Human Resource Management, Strategic Human Capital Development in Higher Educationတို့ဖြစ်ပြီးအထူးသဖြင့် မြန်မာနိုင်ငံဆိုင်ရာအကြောင်းအရာသုတေသနများကို အားစိုက်လေ့ရှိသည်။
ထို့အပြင် ကိုရဲပြည့်သူသည် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများ၊ International Non-Profit Organization များနှင့် ချိတ်ဆက်ကာ လုပ်ဆောင်လျှက်ရှိသည့်အပြင် International Program များတွင် Advisor အဖြစ်သော်လည်းကောင်း၊ Global Competition များတွင် Vice-Chair and Judge အဖြစ်သော်လည်းကောင်းဆောင်ရွက်ဖူးသည့် အတွေ့အကြုံများလည်းရှိသည့်အပြင် The Southeast Asia Leadership Program (SEAYLP) ၏ fellow တစ်ဦးလည်းဖြစ်သည်။
ဒီ Talk အတွက် host အနေနဲ့ @CESA_YTU မှ Vice President ဖြစ်သူ ကိုမင်းခန့်ဇော် က ကူညီပေးသွားမှာဖြစ်ပါတယ်။




Comments