လွမ်းသူ့ပန်းများထားရှိခြင်း၊ အထိမ်းအမှတ်သစ်ပင် စိုက်ပျိုးခြင်းနှင့် ဖယောင်းတိုင်မီးများ ထွန်းညှိခဲ့
- AAS-YTU

- Jan 27, 2020
- 1 min read
လွန်ခဲ့သည့် ၂၃ရက် ညနေပိုင်းတွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့သည့် ရန်ကုန်နည်းပညာတက္ကသိုလ်ဗိသုကာဌာန ဒုတိယဌာနမှူး တီချယ် ဒေါက်တာပွင့်အား လွမ်းဆွတ်အောက်မေ့သော အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် ဗိသုကာဌာန၏ အခန်းအမှတ် 5/2-2တွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် ကျောင်းသားအသီးသီးမှ လွမ်းသူ့ပန်းခွေနှင့် ပန်းစည်းများထားရှိခြင်း၊ ဆရာမ၏ အမှတ်တရဓာတ်ပုံနှင့် ဆုံးမစကားများကို အောက်မေ့သတိရဖွယ် ကြည့်ရှုခြင်းများပြုလုပ်ခဲ့ကြသည်။ ထို့နောက် နေ့လယ် ၁၂နာရီတွင် မီးသဂြိုဟ်ခြင်းအခမ်းအနားအတွက် ရေဝေးသုဿာန်သို့ လိုက်လံပို့ဆောင်ခဲ့ကြသည်။ ညနေ ၄နာရီ၌ ဗိသုကာဌာန Building 5၏ အရှေ့ဘက်တွင် ဆရာမအား အောက်မေ့သတိရခြင်း အထိမ်းအမှတ်သစ်ပင်ကို စိုက်ပျိုးခဲ့ကြသည်။ ညနေ ၆နာရီခန့်တွင်လည်း Building 5 တစ်လျှောက်တွင် ဖယောင်းတိုင်မီးများ ထွန်းညှိကာ ဆရာမကောင်းရာမွန်ရာ ရောက်ပါစေကြောင်း ဆုတောင်းပေးခဲ့ကြသည်။










Comments