top of page

Project Buddy #Project04

  • Writer: AAS-YTU
    AAS-YTU
  • Feb 21, 2020
  • 1 min read

Thesis အတွက်ကြိုးစားရတော့မယ့် စီနီယာအစ်ကို၊အစ်မတွေနဲ့ ဂျူနီယာညီ၊ညီမတွေကို ချိတ်ဆက်ပေးဖို့အတွက် Project Buddy ဆိုတဲ့ project အသစ်လေးနဲ့ စတင်ပြီး မိတ်ဆက်ပေးပါတော့မယ်။

စီနီယာတွေလည်း ကိုယ့် project အတွက်အာရုံစိုက်ရင်း အကူအညီရနိုင်သလို ဂျူနီယာတွေကလည်း အတွေ့အကြုံရနိုင်မှာဖြစ်ပြီး နောက်နှစ်တွေမှာ ပြင်ဆင်ရတော့မယ့် Thesis အတွက် ကြိုပြီး လေ့လာခွင့်ရမှာပါ။

ခုဆိုရင် စီနီယာတွေဆီကို application form ပို့ထားပြီးပြီဖြစ်ပြီး မကြာခင်မှာ ဂျူနီယာတွေဆီကို application form ရောက်လာတော့မှာပါ။ လိုက်နာရမယ့် Terms and Conditions တွေလည်း ရှိတာမို့ ကျောင်းသားတွေဆီပို့ထားတဲ့ application link ကို ဝင်ပြီး ဖတ်ကြည့်နိုင်ပါတယ်။ ကျောင်းသားတွေကြား ပိုပြီးရင်းနှီးမှုတိုးစေမှာမို့ project buddy အစီအစဉ် အကောင်အထည်ပေါ်လာမို့ စောင့်မျှော်ပေးကြပါဦး။


ree

Comments


bottom of page