Peer Learning Project 02 | Urban Design Online Class
- AAS-YTU

- Apr 9, 2020
- 1 min read
Peer Learning Project 02 | Urban Design Online Class
——————————————————
အရင်နေ့တွေက ကြေငြာခဲ့တဲ့ Urban Design Online Class လေးအကြောင်းကို ပြောပြပေးသွားပါမယ်။ ဒီ Online Class လေးကို Urban Designer တစ်ယောက်ဖြစ်သူ မဇင်တာရာဝင်းမှ ဦးစီးလေ့ကျင့်ပေးသွားမှာ ဖြစ်ပြီး course ၅ ခု ပါဝင်ကာ ရက်သတ္တပတ် ၅ ပတ်ကြာမြင့်သွားမှာ ဖြစ်ပါတယ်။ Online Class ကို Zoom နဲ့ Google Classroom ကို အသုံးပြုကာ လေ့ကျင့်သင်ကြားသွားကြမှာ ဖြစ်ပြီး အပတ်စဉ် လေ့ကျင့်ခန်းများလည်း ပါဝင်မှာဖြစ်ပါတယ်။
ဒီ online class လေးကို လူအရေအတွက်ကန့်သတ်ထားမှာဖြစ်ပြီး တက်ရောက်ခွင့်ရရှိသူတွေကို Email ပြန်လည်ပို့ပြီး အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းသားတစ်ယောက်ကို ၅၀၀၀ ကျပ်ကျသင့်မှာ ဖြစ်ပြီး ကောက်ခံရရှိလာသော သင်တန်းကြေးများကို Covid-19 အတွက်လိုအပ်သော သက်ဆိုင်ရာနေရာသို့ မဇင်တာရာဝင်းနှင့်အတူ သွားရောက်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
Online Class နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များနဲ့ သင်တန်းကြေး Payment Method ကိုလည်း တက်ရောက်ခွင့်ရရှိသူကျောင်းသား/သူများဆီ Email မှတဆင့် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။ စိတ်ဝင်စားသူများ အောက်ပါ link မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။
Application Form Link :https://forms.gle/3XQBqJJri6ewHm9SA
အိမ်မှာနေရင်း အချိန်ကို အကျိုးရှိစွာ အသုံးချကြပါစို့။
Stay Home ! Stay Productive !




Comments