top of page

MASTER PLAN SUPPORT TEAM

  • Writer: AAS-YTU
    AAS-YTU
  • Jan 18, 2020
  • 1 min read

ဇန်နဝါရီလ ၁၇ ရက်နေ့၊ သောကြာနေ့က ရန်ကုန်နည်းပညာ တက္ကသိုလ် Master Plan အထောက်အကူပြုအဖွဲ့ဝင်များဖြစ်ကြသော ဗိသုကာကျောင်းသားများအသင်း ဥက္ကဌ ကိုထွဋ်ဝေယံနှင့် ပညာရေးဆိုင်ရာတာဝန်ခံ မကေသီထင်ကျော်တို့က Dining Hall (လိပ်ပြာဆောင်) ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ Third Party ဖြစ်သော Yangon Heritage Trust မှ Director ဒေါက်တာမိုးမိုးလွင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဦးအောင်ကျော်သောင်း၊ ကျောင်းသားသမဂ္ဂမှတာဝန်ရှိသူများနှင့် တာဝန်ခံဗိသုကာတို့နှင့်တွေ့ဆုံကာ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဗိသုကာဌာနမှ ပြန်လည်လက်ခံရရှိခဲ့သော ဌာနရှေ့ရှိ ပြိုပျက်နေသော အဆောင်ဟောင်းကို ဦးအောင်ကျော်သောင်းနှင့်အတူ သွားရောက်ကြည့်ရှုကြရာ ဦးအောင်ကျော်သောင်းမှ ထိုအဆောင်၏ ကြံ့ခိုင်မှုဆိုင်ရာ structure ပိုင်းနှင့်ပတ်သက်၍ တင်္နလာနေ့တွင်ကူညီကြည့်ရှုပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။






Comments


bottom of page