top of page

Mascot for YTU-AAS

  • Writer: AAS-YTU
    AAS-YTU
  • Apr 18, 2020
  • 1 min read

အားလုံးအတွက် လာဘ်ကောင်လေး

———————————————-

ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်လေးကို အားလုံးကြားဖူးကြမှာပါ။ ပုရွက်ဆိတ်လေးတွေကို ဘယ်လိုအခြေအနေ၊ အတားအဆီးပဲရှိရှိ လောကဓံကို အရှုံးမပေးဘဲ ကြိုးစားပမ်းစားအလုပ်လုပ်တတ်သူ၊ ဆင်ခြေတွေ မပေးဘဲရုန်းကန်တတ်သူတွေအဖြစ် ကျွန်တော်တို့အားလုံးသိခဲ့ကြပါတယ်။ အချင်းချင်းစည်းလုံးမှုရှိတာကလည်း ပုရွက်ဆိတ်လေးတွေရဲ့ ဂုဏ်လက္ခဏာတစ်ခုပါပဲ။


ဒါကြောင့် အချင်းချင်းစည်းလုံးညီညွှတ်ပြီး အလုပ်ကြိုးစားကြတဲ့ ကျွန်တော်တို့ ဗိသုကာကျောင်းသားကျောင်းသူတွေကို ကိုယ်စားပြုဖို့ AAS Desgin Team က ဒီ ပုရွက်ဆိတ် လာဘ်ကောင် (Mascot) လေးကို ဖန်တီးလိုက်ပါတယ်။


Background Photo - Ko Wai Yan Bobo (CEIT)




ree

Comments


bottom of page