top of page

Live Interview by AAS-YTU

  • Writer: AAS-YTU
    AAS-YTU
  • Apr 6, 2020
  • 1 min read

အိမ်တွင်းပုန်းရင်း ဗဟုသုတတစ်ခုခု ရှာကြရအောင်။

မနက်ဖြန်ညနေ ၇ နာရီမှာ ဗိသုကာကျောင်းသားများအသင်း ကနေစီစဉ်ထားတဲ့ အစီအစဉ်လေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ လက်ရှိလုပ်ငန်းခွင်မှာ Urban Designer တစ်ယောက်အနေနဲ့ လူသိများတဲ့ မဇင်တာရာဝင်းနဲ့ Live Chat ပဲ ဖြစ်ပါတယ်။ Live Chat လေးရဲ့ ခေါင်းစဉ်ကိုတော့ An Approach to Urban Design လို့ နာမည်ပေးထားပါတယ်။ မဇင်တာရာဝင်းဟာ The University of Hong Kong ကနေ Urban Design ကို ဘွဲ့လွန်ဘွဲ့ရယူခဲ့သူဖြစ်ပြီး လက်ရှိမှာဆိုရင် ADB Myanmar မှာ Infrastructure Coordinator Consultant တစ်ယောက်အနေနဲ့ လုပ်ငန်းခွင်အတွေ့အကြုံရယူနေသူတစ်ဦးဖြစ်ပါတယ်။ မနက်ဖြန် ဧပြီလ ၇ရက်၊ အင်္ဂါနေ့ရဲ့ ညနေ ၇ နာရီကနေ ၈ နာရီမှာဆိုရင် မဇင်တာရာဝင်းက Urban Design ရဲ့ အခြေခံကျတဲ့ အချက်အလက်တွေနဲ့ အတူ ပေါ့ပေါ့ပါးပါး introduction လေးတစ်ခုကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ AAS-YTU ကနေ host ပေးသွားမှာ ဖြစ်ပြီး စိတ်ဝင်စားစရာအကြောင်းအရာလေးတစ်ခုဖြစ်တာမို့ ဒီ Live Chat Interview ကို စောင့်မျှော်ပေးကြဖို့ သတင်းပေးလိုက်ပါတယ်။ #AAS-YTU #PeerLearning02 #PLP02 #Project03 #IntroCourse #LiveChat



ree

Comments


bottom of page