အမွေအနှစ်သင်ခန်းစာ
- AAS-YTU

- Apr 9, 2020
- 2 min read
Students' Pieces | Week 10
______________________________________________________________________
အမွေအနှစ်သင်ခန်းစာ ၂၀၁၈ ဒီဇင်ဘာမှာ Hong Kong ရဲ့ Tsuen Wan ဒေသမှာ The Mills ဆိုတဲ့ Texile Art Center တစ်ခုကို ငါးနှစ်ကြာပြင်ဆင်ပြီးနောက် ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ မူလ Texile factory တစ်ခုကို ပြန်လည်အသက်သွင်းခြင်းဖြစ်တယ်၊ သာမန် art center တွေနဲ့ကွဲပြားတာက ထိုနေရာရဲ့ ဖြစ်တည်လာရာ သမိုင်းကြောင်းဖြစ်ပါတယ်။ Heritage revitalization project ဖြစ်တဲ့အတွက်ကြောင့် ထိုသမိုင်းကြောင်းကို သိထားရပါတယ်။ ၁၉၅၀ ဝန်းကျင် ဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုကို ကူးပြောင်းစ Hong Kong ရဲ့ အလုံးအရင်းကုန်ထုတ်လုပ်မှုမှာ ချည်မျှင်နဲ့ အထည်လုပ်ငန်းက ထိပ်တန်းက ပါဝင်ခဲ့တယ်၊အကြီးဆုံးစက်မှုလုပ်ငန်းဖြစ်ပြီး Hong Kong ၄၇ ရာခိုင်နှုန်းလောက်ပါဝင်ခဲ့တယ်၊ အထူးသဖြင့် ယခု project တည်ရှိတဲ့ Tsuen Wan ဒေသဟာတက်ကြွတဲ့ လုပ်သားတွေ ထက်မြက်တဲ့ အရင်းအမြစ်တွေနဲ့ Heart of industry အဖြစ်ရပ်တည်နိုင်ခဲ့တယ်။ ၂၀၀၈ အရောက်မှာတော့ Hong Kong ရဲ့ Industry ဟာ ထုတ်ကုန် ကနေ ဝန်ဆောင်မှု ကို ကူးပြောင်းလာတဲ့အခါ လုပ်ငန်းတွေရပ်ဆိုင်းလိုက်ပြီး ဂိုဒေါင်တွေအဖြစ်သာ အသုံးပြုလာခဲ့တော့တယ်။ ဒီလိုသမိုင်းနဲ့ ဒီနေရာကို ပိုင်ရှင် ဖြစ်တဲ့ Nan Fang Group ကိုယ်တိုင်က ပြန်အသက်သွင်းဖို့ ကြိုးစားလာခဲ့ပါတယ်။ " အဟောင်းတွေကိုထုတ်နှုတ်ပြီး တနည်းနည်းနဲ့ ပြန်လည် ဆန်းသစ်ရတာပဲဗျ ၊ ဒါပေမယ့် တစ်ချိန်တည်းမှာ အသစ်က အသစ် ၊ အဟောင်းက အဟောင်းပဲဗျ " Ray Zee(Chief Designer)က ပြောပါတယ်၊ အမွေအနှစ်ထိန်းသိမ်းရာမှာ သတိမူရမယ့် အချက်ဖြစ်ပါတယ်၊ အဟောင်းကို အသစ်ဖြစ်အောင် အတင်းမလုပ်ယူသင့်သလို အသစ်တွေကိုလည်း အဟောင်းဖြစ်သယောင် မဖန်တီးထားသင့်ပါဘူး။ သူဟာ local Architectural Practice ဖြစ်တဲ့ Thomas Chow Architects နဲ့ ပူးပေါင်းပြီး စက်ရုံ ဟောင်းအဆောက်အဦး ၂ ခုကို ချည်ထည် အနုပညာနဲ့ ယဉ်ကျေးမှုစင်တာတစ်ဖြစ်လဲ စွန့်ဦးတီထွင်လုပ်ငန်းအခြေပြု၊ ကုန်ပစ္စည်းရောင်းချရာ အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ယခု project မှာ မျက်နှာချင်းဆိုင်တည်ရှိနေတဲ့ အဆောက်အအုံ ၂ ခုကို အသုံးပြုတယ်။ ဧည့်သည်ဟာ ထို ၂ ခုကြားရှိ လမ်းကြားလေးမှ ဝင်ရသည်။


လမ်းရဲ့ လက်ဝဲဘက် နံရံတွေကို ပြင်ဆင်ပြီး အတိတ်သမိုင်း ကိုထင်ဟပ်စေမယ့်နံရံပန်းချီ(murals) ရေးဆွဲစေပြီး photoshooting area ဖန်တီးကာ အဆောက်အအုံ ၂ ခုကြားရှိ အဓိက ဝင်ပေါက်ထိဆွဲခေါ်သည်။

လက်ယာဘက်အဆောက်အအုံသည် Centre for Heritage,Arts and Textile(CHAT) ဖြစ်ပြီး ကျန်အဆောက်အအုံ Fabrica (co-working space for young entrepreneurs)ကို တံတား ၅ ခုဖြင့်ဆက်သွယ်ထားသည်။ တစ်ချိန်က private working space မှ ယခု public multi-function facility ကူးပြောင်းရာမှာ အဓိကလိုအပ်တဲ့ transparency အတွက်လည်းကောင်း၊ sustainable approach အတွက် သဘာဝအလင်းရောင်ရရှိရန် မူလ ကွန်ကရစ်နံရံတွေ နေရာမှာ vertical glass walls တွေတပ်ဆင်တယ်၊ ထိုသို့လုပ်ဆောင်တဲ့အတွက် စိန်ခေါ်မှုဖြစ်လာတဲ့ အသုံးပြုသူတို့ရဲ့ visual and thermal comfort အတွက် sun-shading components တွေကို တွက်ချက်ပြီး တပ်ဆင်ရပါတယ်။ မူလနံရံဖြိ ုချ ၊Glass wall တပ်ဆင်တဲ့အတွက် Steel columns နဲ့ beams တွေ reinforcement အနေနဲ့ ပြန်ထည့်ရပါတယ်။


မူလစက်ရုံ စတင်တည်ဆောက်စဉ်ကပင် အဆောက်အအုံ ၂ ခုလုံးမှာ အထပ် ၃ ထပ်စာလောက်အမြင့်ရှိတဲ့ hall တွေပါဝင်ပါတယ်၊ ယေဘုယျအားဖြင့် အဆိုပါ space မျိုးဟာ အလုပ်လုပ်ကိုင်လို့ရတဲ့ space ကိုလျော့ကျစေပါတယ်၊ ဒါဆိုဘာလို့ ဒါမျိုးရှိနေရသေးလဲမေးရင်တော့ ဒါဟာ private area တစ်ခုမှာရှိတဲ့ public space ဖြစ်ပါတယ်၊ အများစုဝေးလို့ရတဲ့နေရာဖြစ်မယ်၊ တစ်ယောက်နဲ့တစ်ယောက် အမြင်အားဖြင့် ချိတ်ဆက်နေမယ်၊ တစ်နည်းအားဖြင့် အလုပ်တာဝန်ထဲ အမြဲနှစ်ထားရတဲ့ အလုပ်သမားတွေအတွက် မတူကွဲပြားတဲ့ ခံစားမှုကိုပေးပြီး စိတ်ပေါ့ပါးစေပါတယ်။ ပြန်လည်ပြင်ဆင်ရာမှာတော့ hall တစ်ခုလုံးကို လုံလုံလောက်လောက်အလင်းရောင်ပေးနိုင်မယ့် skylight ဖောက်ပြီး temporary exhibition ပြသနိုင်အောင်ပြင်ဆင်ထားပါတယ်။

အခြားထင်ရှားတဲ့ ပြုပြင် ပြောင်းလဲမှုတစ်ခုကတော့ ယခင်က ကျယ်ပြန့်ပြီး ဟင်းလင်းဖြစ်နေခဲ့တဲ့ ကွန်ကရစ်အမိုးကို public graden တစ်ခုအဖြစ် အသွင်ပြောင်းခဲ့တာပါ။

ဆိုတော့ ဒီ center မှာ exhibition space တွေပါမယ်၊texile ဆိုင်ရာ start-up enterprises တွေအတွက်နေရာရှိမယ်၊ သူတို့ရဲ့ idea တွေအကောင်အထည်ဖော်နိုင်တဲ့ studio တွေရှိမယ်၊ အဲ့ဒီက ထွက်ကုန်တွေ ရောင်းချနိုင်တဲ့ retail space တွေ ရှိမယ်၊ ဒါတွေကို လွယ်ကူစွာ ချိတ်ဆက်ပေးမယ့် planning က အဆောက်အဦးအတွင်း သီးသန့်လည်ပတ်နေတဲ့ ecosystem တစ်ခုလို ဒီ center ရဲ့ sustainablility ကို ထောက်ကူပါတယ်။
နောက်ထပ်တစ်ချက်ကတော့ တစ်ချိန်က အရေးပါခဲ့တဲ့ သင်္ကေတအမှတ်အသားတွေ၊ အရာဝတ္ထုတွေ၊ နေရာတစ်ချို့ကို တန်ဖိုးမပျောက်အောင် လုပ်ရတာဖြစ်တယ်၊ အဲ့လိုလုပ်တဲ့နေရာမှာ ခေတ်မီပစ္စည်း၊ နည်းပညာသုံးပြီး မူလအတိုင်း ထိန်းသိမ်းရတာမျိုးရှိတယ်၊ အဆိုပါ ပစ္စည်းကို အခြားသောကောင်းမွန်တဲ့ ရည်ရွယ်ချက် (concept) တစ်ခု နဲ့ စနစ်တကျပြန်သုံးတာမျိုးရှိပါတယ်။ ဥပမာ အချို့ကို ပုံ ၈၊၉၊ ၁၀ နဲ့ ၁၁ ပြထားပါတယ်။




သမိုင်းအမွေအနှစ်တွေဟာ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့အတွက် ဗိသုကာတွေအဖို့ အလွန်တာဝန်ကြီးပါတယ်၊ မူလအတိုင်းမပျက်စီးအောင်ထိန်းသိမ်းတာဖြစ်စေ(preservation)၊ ပြန်လည်အသက်သွင်းတာဖြစ်စေ(revitalization) အမွေအနှစ်ရဲ့ တန်ဖိုးမလျော့ကျအောင် သတိမူရပါတယ်၊ ယခု ဥပမာမှာတော့ တစ်ချိန်က အရေးပါခဲ့တဲ့ စက်ရုံတစ်ခုကို ယခုခေတ်တွင်လည်း တက်ကြွလှုပ်ရှားနေအောင် ဆောင်ရွက်ခဲ့ပုံတစ်ချိုကို လေ့လာနိုင်အောင် တင်ပြလိုက်ရပါတော့တယ်။ ရဲထက်စိုး ပဥ္စမနှစ် ဗိသုကာ Ref: Speech by Thomas Chow Architects Perspectiveglobal.com Themills.com.hk Photo courtesy of Themills.com.hk



Comments