Students' Pieces
- AAS-YTU

- Jun 7, 2020
- 1 min read
Students’ Pieces | Week 18
—————————————————————
Architecture, Engineering and Relative Works in a Sustainable Way
Sustainable ဆိုတဲ့ စကားလုံးဟာ ယခုဆယ်စုနှစ်ပိုင်းမှာ နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာကိုတွေ့ရမှာပါ။ထို့အတူ ဗိသုကာ၊ အင်ဂျင်နီယာနယ်ပယ်နှင့် ကျောင်းသားများအကြားမှာလည်း Sustainable ဆိုတဲ့ စကားလုံးတစ်ခုနဲ့ ဆက်စပ်တဲ့ အကြောင်းအရာ တွေက ခေတ်စားလာတာကို မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။
Sustainable ဆိုတာကတော့ ရေရှည်တည်တံ့သော ဆိုပြီးအဓိပ္ပာယ်ရပါတယ်။
1-// ဒါဆိုရင် “Sustainability နဲ့ Architecture” ကဘယ်လိုဆက်စပ်နေတာလဲ။
- မိမိတို့ရဲ့ ပတ်ဝန်းကျင်ကို သုံးသပ်ကြည့်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင် ( Natural Environment) နဲ့ လူများပြုလုပ်ဖန်တီးထားတဲ့နေရာ အဝန်းအဝိုင်း (Built Environment) ဆိုပြီး နှစ်မျိုးမြင်တွေ့နိုင်ပါတယ်။ ယေဘုယျအားဖြင့် မိမိတို့ ဗိသုကာများ၏ Built Environment အတွင်း ဒီဇိုင်းဖန်တီး တည်ဆောက်မှုများကြောင့် Natural Environment ကို ပျက်စီးစေသော အကျိုးသက်ရောက်မှုများဆင်ခြင်ကာ Natural-Built Environment တို့ဆက်နွယ်မှုများ ရေရှည်တည်တံ့ကာ အပြန်အလှန်အကျိုးပြုစေခြင်းဖြစ်ပေသည်။
- တစ်နည်းအားဖြင့်ဆိုသော် ဂေဟစနစ်၏ ကွင်းဆက်များကိုရှေးရှု၍ စွမ်းအင်နှင့် လူ့စွမ်းအားအရင်းအမြစ်များ အလဟဿဖြုန်းတီးမှုများကို လျှော့ချကာ Design ဖန်တီးခြင်းမျိုးဖြစ်ပေသည်။
2-// Architect တွေဘာလုပ်ကြမှာလဲ/ ဘာတွေလုပ်နိုင်လဲ။
- မိမိဒီဇိုင်းကြောင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကိုလျှော့ချပြီး မိမိ Design ရဲ့ ရေရှည်တည်မြဲနိုင်ဖို့အတွက် အမြဲကြိုတင်စဉ်းစားတွက်ချင်ထားဖို့လိုအပ်ပါတယ်။
- အစောပိုင်းဒီဇိုင်းရေးဆွဲနေစဉ်ကာလ၌ပင် သဘာဝပတ်ဝန်းကျင်အနေအထား၊ နေလမ်းကြောင်း၊ မိုးရေ၊ ဆီးနှင်းအစရှိတာတွေနဲ့ လေဖြတ်စီးမှုအနေအထားတွေကို သိရှိထားပြီး ထိုအချက်အလက်များ၏ သဘောတရားတို့ကို Design အတွင်းအကျိုးရှိရှိပြန်လည်အသုံးချနိုင်ပေသည်။ ထိုကဲ့သို့ ကြိုတင်ပြင်ဆင်ခြင်းဖြင့် ဆောက်လုပ်နေစဉ်ကာလအတွင်း အလေ့အလွင့်များ၊ လူ့စွမ်းအင်အလဟဿဖြစ်မှုများကို လျှော့ချနိုင်ရုံသာမက ဆောက်လုပ်ပြီးသည့်နောက်ကာလတစ်ခုရောက်သည့်အခါ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက်ပါ အထောက်အကူဖြစ်နိုင်ပေသည်။
- ထို့အပြင် မိမိတိုင်းပြည်၏ စွမ်းအင်ထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် အခွန်အခအနေအထားကိုမူတည်၍ Solar Panel များကို အသုံးပြုကာ Energy Efficient Home အစရှိသည့် နည်းလမ်းများကို အသုံးပြုနိုင်ပေသည်။ ( Energy Efficient Home အကြောင်းဖတ်ရန် : https://www.facebook.com/211646272712215/posts/703411343535703/?d=n)
3-// Advanced Technology in Sustainable Buildings
- BIM (Building Information Modeling) ကိုအခြေခံထားတဲ့ BIM Features များပါရှိတဲ့ Modeling, Visualization Software များနှင့် Climate data များ၊ Building Information များကိုအခြေခံ၍ ထို Building ၏စွမ်းအင်အသုံးပြုမှု၊ နေရောင်ခြည်နှင့် အပူအနေအထားကို ကြိုတင်သုံးသပ်နိုင်သော Analysis Software tools များဖြင့် အဆောက်အဦးများကို မြေပြင်တွင် လက်တွေ့မဆောက်မီကာလ၌ပင် အနီးစပ်ဆုံးထိကြိုတင်သိရှိထားခြင်းဖြင့် ပိုမိုကောင်းမွန်သော ပူးပေါင်းလုပ်ဆောင်မှုများဖြင့် အလဟဿဖြုန်းတီးမှုများနှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေမှုများကို လျှော့ချနိုင်ပေသည်။
- Building ၏ မြေပေါ်၌မစမီကာလကစတင်ကာ ပြိုကျသည်အထိ Building တစ်ခု၏ One Cycle ကို BIM ကိုအခြေခံသော နည်းပညာမြင့် Software များဖြင့် ခြေရာခံကာ သိရှိနိုင်ခြင်းလည်း Engineer များနှင့် Architect များ၏ Sustainable Buildings Approach အတွက်အလွန်အရေးပါသော ကဏ္ဍတစ်ခုအဖြစ်ပါဝင်နေပေသည်။
ဤသို့ဖြင့် Engineer နှင့် Architect များအနေဖြင့် နည်းပညာဖြင့် Software များ၊ Analysis Tools များကိုအသုံးပြု၍ ကြိုတင်လေ့လာတွက်ချက်ကာ Built Environment, Ecosystem နှင့် Natural Environment တို့သမမျှတစွာ ရေရှည်တည်တံ့စေရေးကို လက်တွေ့ဆောင်ရွက်နိုင်ပေသည်။
မင်းခန့် (ပဉ္စမနှစ်-ဗိသုကာ)
———————————————————
Reference: Building Information Modeling in Green Building, n.d., viewed 25 May, 2020, < https://en.m.wikipedia.org/wiki/Building_information_modeling_in_green_building >
Every Friday on AAS-YTU Facebook Page




Comments