top of page

ဘယ်အချက်တွေနဲ့ ဘယ်လို Site Study လုပ်ကြမလဲ

  • Writer: AAS-YTU
    AAS-YTU
  • Mar 27, 2020
  • 2 min read

Students’ Pieces | Week 8

———————————————————-

ဘယ်အချက်တွေနဲ့ ဘယ်လို Site Study လုပ်ကြမလဲ


ဗိသုကာကျောင်းသားရယ်ဆိုပြီးဖြစ်လာရင် Design Practice လုပ်ရမှာ အသေအချာပေါ့။တတိယနှစ်လောက်မှာ ကျောင်းသားကျောင်းသူတွေကို ပထမဦးဆုံး ထိတွေ့စေပြီး Building Design တွေကို စတင်လေ့ကျင်ပေးတဲ့ Studio Project တွေမှာ Studio Master က Design လုပ်ရမယ့် Site တစ်ခုချပေးပြီဆိုရင် အဲ့ Site မှာ ကိုယ် Design လုပ်ရတော့မယ်ဆိုရင် ကိုယ် Design လုပ်ရမယ့် site ကို ကောင်းစွာ နားလည်ထားဖို့လိုပါတယ်။ ဒါကြောင့်မို့ Contextual Comprehension နဲ့ Knowledge အတွက်ကို Site Study နဲ့ Feasibility Study လုပ်ဖို့အတွက်လိုအပ်ပါတယ်။ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အောက်မှဖော်ပြမယ့်အချက်လေးတွေနဲ့ မိမိ design ပြုလုပ်ရမယ့် Site ကို လေ့လာကြည့်ပြီး သေချာ နားလည်သဘောပေါက်နိုင်ပါတယ်။

1. Site Location: ကိုယ်လုပ်ရမယ့် Design က တစ်ခါတစ်လေမှာ တည်နေရာကြောင့် Design ပေါ်ကို Impact ဖြစ်စေနိုင်တဲ့အခါမျိုးတွေရှိတဲ့အခါမှာ Architect တစ်ယောက်အနေနဲ့ client ကို ပြန်ဝေဖန်အကြံပြုရတဲ့အခါမျိုးလည်းရှိကောင်းရှိနိုင်ပါတယ်။ နောက်တစ်ခုက ကိုယ့် design က အနာဂတ်မြို့ပြဖွံ့ဖြိုးတက်မှုစီမံကိန်းတွေနဲ့ ဘယ်ချိတ်ဆက်နိုင်မလဲဆိုတာမျိုးကိုပါ ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

2. Topography: ကိုယ့် site က flat surface ပေါ်မှာရှိနေတာလား topography difference ရှိနေတဲ့ လျှောစောက်တွေ တောင်ကုန်းတွေပေါ်မှာရှိနေတာလားစသည်ဖြင့် လေ့လာကြည့်တဲ့အခါမှာ Topography အနေအထားကို မိမိရဲ့ Design မှာထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တစ်ခုဟုတ်မဟုတ် သိနိုင်မှာပါ။ ဒါ့အပြင်ကိုမှ ရေစီးဆင်းမှု သဘောတရားတွေကိုပါ နားလည်နိုင်ပြီး Building အပြင် အခြားသော Infrastructure တွေဖြစ်တဲ့ ရေမြောင်းအစရှိသည်တို့ကိုပါ ထည့်သွင်းစဉ်းစားနိုင်မှာဖြစ်ပါတယ်။

3. Environmental & Weather Condition: ဒီကနေ နေလမ်းကြောင်းတွေ လေလမ်းကြောင်းအနေအထားတွေလေ့လာပြီးတော့ Design မှာ Weather protection တွေ ထည့်သွင်းစဉ်းစားတာ Weather Condition ကို Design မှာ Adaptation လုပ်တာကလည်းကောင်းတဲ့ အလေ့အကျင့်တစ်ခုလို့ပြောလို့ရနိုင်ပါတယ်။ ဒါအပြင် မိမိ site ပတ်ဝန်းကျင်က ဘယ်လို pollution တွေရှိနေနိုင်လည်းဆိုတာမျိုးပါလေ့လာသင့်ပါတယ်။ အဲ့အချက်တွေကို Design ကနေ အထိုက်အလျှောက်ပြန်လည်ကာကွယ်နိုင်ဖို့ စဉ်းစားသင့်ပါတယ်။

4. Infrastructure: အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရေ၊မီးသွယ်တန်းမှုတွေ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ ရေမြောင်းအခြေအနေတွေနဲ့ PublicTransportation ရောက်ရှိနိုင်မှုတို့ကိုသိလာနိုင်ပါတယ်။

5. Zoning: ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ သတ်မှတ်ချက်အရ မြို့တွင်းမှာ ဇုန်သတ်မှတ်ချက်တွေရှိပါတယ်။ Zoning ပေါ်မူတည်ပြီးမှ ထပ်ဆင့်ဖြစ်ပေါ်လာတဲ့ BCR (Building Coverage Ratio), FAR (Floor Area Ratio), Setback (မြေကျန်) ကွာခြားမှုတွေရှိတဲ့အတွက်ကြောင့်မို့လို့ ထိုအချက်တွေကို Design မှာ သေချာပေါက် ထည့်သွင်းစဥ်းစားဖို့လိုပါတယ်။

6. Surrounding Buildings: ဒါကလည်းအရေးကြီးတဲ့အချက်လို့ပြောလို့ရနိုင်ပါတယ်။ ဘေးပတ်ဝန်းကျင်က Building တွေထက် ပိုမိုထင်သာမြင်သာရှိအောင် Design စဉ်းစားနိုင်သလို ဘေးပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်စေဖို့ Design စဉ်းစားရတာမျိုးလည်းဖြစ်နိုင်ပါတယ်။

7. Traffic conditions: ယာဉ်လမ်းကြော ကားလမ်းကြောအခြေအနေတွေ Traffic Light တည်နေရာတွေကို သိရှိထားခြင်းက Site ကို planning လုပ်တဲ့အခါမျိုး မိမိ site အတွင်းက ယာဉ်လမ်းကြောင်း၊ ဝင်ပေါက်တွေကို စဉ်းစားတဲ့နေရာမှာ အသုံးဝင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

8. Facilities & Amenities: မိမိရဲ့ site အနီးတစ်ဝိုက်မှာ ဘယ်လို public facilities (ဥပမာ - ပန်းခြံလို green space တွေ Waterbody ရှိတဲ့အပန်းဖြေနေရာတွေ)အပြင် အခြား ဘယ်လို Amenities ( Café တို့ Gym တို့လိုနေရာမျိုး) တွေရှိလည်းလေ့လာပြီး မိမိရဲ့ design မှာ ပြန် Integrate လုပ်နိုင်ပါတယ်။

9. နောက်ဆုံးအချက်ကတော့ Interview လုပ်တာပါ။ Site ကို ကိုယ်တိုင်မသွားရောက်ခင်မှာ Google map ကကြိုတင်လေ့လာပြီးပဲဖြစ်ဖြစ် မိမိအတွေ့အကြုံကနေဖြစ်စေ သိထားတဲ့အချက်တွေကနေ ပိုမို သိချင်တဲ့အကြောင်းအရာတွေ မရှင်းလင်းတဲ့အကြောင်းရာတွေပဲဖြစ်စေ၊ ဥပမာ - Mass production Industry တွေနဲ့ နီးတဲ့ Site တွေမှာဆိုရင် အဲ့ပတ်ဝန်းကျင်မှာလက်တွေ့ဖြစ်နေတဲ့ Impact တွေ Environmental condition တွေ ပတ်ဝန်းကျင်ကလူတွေရဲ့သဘောတရားနဲ့ ခံစားချက် စသည်ဖြင့်ကို Interview ခံရမယ့်သူရဲ့ သဘောတူညီမှု consent ကိုရယူပြီး မေးမြန်းကြည့်ခြင်းဟာ Site ရဲ့ လက်တွေ့အခြေအနေကို ကောင်းမွန်စွာနားလည်နိုင်မယ့် အားသာချက်တစ်ခုဖြစ်ပါတယ်။


ree

ဒီလောက်ဆိုရင် Architecture Student တစ်ယောက်အနေနဲ့ မိမိ Design ပြုလုပ်ရမယ့် Site ကိုကောင်းကောင်း Study လုပ်၊ Analyse လုပ်ပြီး သေသေချာချာ သုံးသပ်နားလည်သဘောပေါက်မယ်လို့ မျှော်လင့်မိပါတယ်။

ကိုမင်းခန့် (ဗိသုကာ-ပဉ္စမနှစ်) ရန်ကုန်နည်းပညာတက္ကသိုလ်

Comments


bottom of page