top of page

ဗိသုကာတို့အတွက် စတူဒီယိုဇာတ်ကွက် အပိုင်း (၂)

  • Writer: AAS-YTU
    AAS-YTU
  • Apr 3, 2020
  • 1 min read

Students’ Pieces | Week 9

———————————————————-

ဗိသုကာတို့အတွက် စတူဒီယိုဇာတ်ကွက်” အပိုင်း (၂)


အပိုင်း(၁)တွင် ဒီဇိုင်းတစ်ခုသည် ကိုယ့်ရဲ့ “Memory”များ၊ “Experience”များမှ ထွက်ပေါ်လာ၍ ကောင်းမွန်ပြည့်စုံသော ဒီဇိုင်းများထွက်ပေါ်လာစေရန် “Data” များများစုဆောင်းသင့်ကြောင်း ဖော်ပြထား ခဲ့သည်။ မိမိကိုယ်တိုင် “Project” တစ်ခုကို စတင်လုပ်ဆောင်သောအခါ ကိုယ်တိုင်အတွက်သာမကတော့ဘဲ အခြားအသုံးပြုသူ “User” အမျိုးမျိုးအတွက် ဒီဇိုင်းပြုလုပ်ပေးရလေသည်။ ထိုအခါ ကိုယ့်စိတ်တိုင်းကျ ဒီဇိုင်းဆွဲလို့ မရတော့ချေ။ အမျိုးမျိုးသော “Client” တို့၏ လိုအပ်ချက်၊ စိတ်ကူးယဉ်အိမ်မက်တို့ကို ကိုယ်တတ်မြောက်သင်ကြားနေရသော ပညာရပ်ဖြင့် အဘက်ဘက်မှ အဆင်ပြေစေရန် ဒီဇိုင်းပြုလုပ်ပေး ရသည်။ လူနေအဆောက်အဉီဆိုလျှင်လည်း လူနေအဆောက်အဉီအလျောက်၊ အများပြည်သူသုံး အဆောက် အဉီ ဆိုလည်း ၎င်းအလျောက်၊ စက်ရုံအလုပ်ရုံဆိုလျှင်လည်း ၎င်းအလျောက် လိုအပ်ချက်များကို မူတည်၍ ဒီဇိုင်းပြုလုပ်ပေးရသည်။ ထိုအခါမှာဆိုရင်တော့ ကိုယ့်ရဲ့ “Experience ၊ Data” အချက်အလက်များသာမက “User’s Requirement” ဆိုသော ကိစ္စပါလာပြီဖြစ်သည်။


ree

“User’s Requirement” တွင် (၁) Physical Need နှင့် (၂) Psychological Need ဟူ၍ နှစ်မျိုးရှိသည်။ “Physical Need” တွင် လိုအပ်သော “Space” အမျိုးအစားများနှင့် ထိုနေရာများအတွင်း လူတစ်ယောက် သက်တောင့်သက်သာ နေထိုင်နိုင်မည့် “Standard Dimension” များ ပါဝင်သည်။ “Psychological Need” တွင် “User’s Character” များ ပါဝင်သည်။ စတူဒီယို Project တစ်ခုစလျှင် “Physical Need” နှင့် ပတ်သက်သော အရာများကို “Studio Master” မှပေးကာ ၎င်းအား Client တစ်ယောက်အဖြစ် သဘောထားကာ ဒီဇိုင်းပြုလုပ်ကြရသည်။ အကယ်၍ မိမိဘာသာ Project တစ်ခုစလုပ်မည်ဆိုလျှင်လည်း Physical Need နှင့် ပတ်သက်ပြီး ဘယ်လိုနေရာများလိုအပ်သလဲ၊ ဘယ်လို အခန်းမျိုး ဘယ်လောက်ထည့်ချင်သလဲ စသည်ဖြင့် Requirement များ ထုတ်ရပေမည်။ ဗိသုကာ နောက်ဆုံးနှစ်တွင် ပြုလုပ်ရသော “Thesis” တွင်မူ မိမိဘာသာခေါင်းစဉ်ရွေး၊ တည်နေရာရွေးကာ Requirement များထုတ်ရလေသည်။ ထိုသဘောတရားမှာ အထက်ပါအတိုင်းပင် ဖြစ်သည်။ ဉပမာအနေဖြင့် မိမိအား အိမ်တစ်လုံး ဒီဇိုင်းထုတ်ရန် လာအပ်သည် ဆိုပါစို့။ အရင်ဆုံး User’s “Requirement” စာရင်းကို ကောက်ရပေမည်။ ကိုယ်က Client ဖြစ်သူနှင့် တွေ့ဆုံကာ - ပိုက်ဆံဘယ်လောက်သုံးမှာလဲ? -လူဘယ်နှစ်ယောက်နေမှာလဲ? -Site ကဘယ်နေရာမှာရှိတာလဲ? -အကျယ်အဝန်းကဘယ်လောက်ရှိတာလဲ? -အခန်းဘယ်နှခန်းထည့်မှာလဲ? -အထပ်ဘယ်နှထပ်လဲ? -ဘယ်လိုစတိုင်မျိုး ဆောက်ချင်တာလဲ? စသည်ဖြင့် အကြမ်းဖြင်းသိလျှင် ဒီဇိုင်းထွက်ပြီဖြစ်သည်။


ree

ထိုအရာများကိုဖြည့်ဆည်းမှ သူတို့လည်းသဘောကျကာ “Physical Need” ပြေလည်မည် ဖြစ်ပေသည်။ လူတစ်ယောက်၏ လိုချင်သည့်အတိုင်း၊ စိတ်ထဲကအတိုင်း၊ လိုအပ်ချက်အတိုင်း မူတည်၍ စဉ်းစားထားသဖြင့် ထိုအဆောက်အဉီတွင် Client ၏ လက္ခဏာများနှင့် သဘောသဘာဝများ ထင်ဟပ် နေပေသည်။ ထိုအရာများကို သီအိုရီများအရ နှုတ်၊ပေါင်း၊ “Circulation” လမ်းကြောင်းများထည့်သောအခါ ဒီဇိုင်းဖြစ်လာပေသည်။ ဤကဲ့သို့ အခြေခံအချက်များ၊ သဘောတရားများကို ထပ်ဆင့်ပွားကာ Project များကို ဒီဇိုင်းစဉ်းစားကြရလေသည်။ ။ ကိုမငျးထိုကျကြောျ (ပဉ်စမနှစျ၊ ဗိသုကာ) (မန္တလေးနည်းပညာတက္ကသိုလ်)

Comments


bottom of page