top of page

ပုဂံခေတ် ဘုန်းကြီးကျောင်းများအကြောင်းတစ်စေ့တစ်စောင်း (၁)

  • Writer: AAS-YTU
    AAS-YTU
  • Feb 21, 2020
  • 1 min read

Students’ Pieces | Week 3 ______________________________________________

ပုဂံခေတ် ဘုန်းကြီးကျောင်းများအကြောင်းတစ်စေ့တစ်စောင်း (၁)


"ပုဂံ"ဟုဆိုလိုက်လျှင် ပထမဦးစွာ အတွေးထဲပေါ်လာကြသည်မှာ ဘာသာရေးဆိုင်ရာ အဆောက်အအုံများပင် ဖြစ်ပေလိမ့်မည်။ ၉ရာစုမှ ၁၃ရာစုအထိ နှစ်ပေါင်း ၂၀၀ကျော် တည်တံ့ခဲ့သော ပုဂံနိုင်တော်ကြီးတွင် ဘာသာရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၀,၀၀၀ကျော် တည်ထားကိုးကွယ်ခဲ့ကြသည်။ ယနေ့ခေတ်ကာလတွင် အဆောက်အအုံပေါင်း ၂,၂၀၀ကျော် ဆက်လက်ကျန်ရှိနေသေးသည်။

ဘာသာရေးဆိုင်ရာ အဆောက်အအုံများထဲတွင် ဘုန်းကြီးကျောင်းများသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းတို့သည် ရဟန်းသံဃာတော်များ သီတင်းသုံးနိုင်ရန်နှင့် ဗုဒ္ဓဟောကြားထားသော တရားဒေသနာတော်များ အဆုံးအမများကို ဆောက်တည်ကျင့်သုံးပွားများရာ၊ ဟောကြားရာနေရာများလည်းဖြစ်သည်။ အချို့သောဘုန်းတော်ကြီးကျောင်းများကို ဓမ္မသက်တန်းကျောင်းများအဖြစ်လည်း အသုံးပြုခဲ့ကြသေးသည်။ ၎င်းတို့၏ရှေးကျသော ဗိသုကာအသွင်အပြင်များ၊ အနုပညာမြောက်သော နံရံဆေးရေးပန်းချီများနှင့် ဆောက်လုပ်​ရေးနည်းပညာတို့သည် ပုဂံကို ကမ္ဘာ့ဗိသုကာသမိုင်းတွင် အတုယူစရာ၊ တန်ဖိုးထားစရာအဖြစ် တည်ရှိနိုင်အောင် လုပ်ဆောင်ပေးခဲကြသည်။


Types


ပုဂံခေတ်ဘုန်းတော်ကြီးကျောင်းများသည် ပုံစံနှစ်မျိုး ကွဲပြားပေသည်။ (၁) အခန်းတစ်ခန်းသာပါဝက်သော ဘုန်းတော်ကြီးကျောင်းနှင့် (၂) အခန်းများစွာပါရှိသော ဘုန်းတော်ကြီးကျောင်းများဟူ၍ နှစ်မျိုးရှိပေသည်။ အတွေ့အများဆုံး ဘုန်းတော်ကြီးကျောင်းများမှာ ပုံစံ(၁)ဘုန်တော်ကြီးကျောင်းများဖြစ်သည်။ ပုံစံနှစ်မျိုးကွဲသော်လည်း ပါဝင်ဖွဲ့စည်းထားသော space များမှာ အတူတူပင်ဖြစ်ကြသည်။ ပုံစံနှစ်မျိုးလုံးတွင် ဘုန်းတော်ကြီးများ သီတင်းသုံးရာအခန်းနှင့် တရားဓမ္မများပို့ချရာတွင်သုံးသည့် ဟောခန်း (သို့) ဓမ္မသာလာတို့ပါဝင်ကြသည်။



Single-cell


ပုံစံ(၁)ဘုန်းတော်ကြီးကျောင်းများသည် ဘုန်းတော်ကြီးအနည်းငယ်သာ သီတင်းသုံးနိုင်ရန် သင့်တော်ပေသည်။ cell (သို့) ဘုန်းတော်ကြီးများ သီတင်းသုံးရာအခန်းများကို အုတ်များဖြင့် ဆောက်လုပ်ခဲ့ကြသည်။ cell၏ကြမ်းခင်းကို သဲကျောက်(သို့) အုတ်တို့ဖြင့် ခင်းလေ့ရှိသည်။ အရှေ့အရပ်ကို မျက်နှာမူနေသော နံရံတွင် ဗုဒ္ဓဆင်းတုတော်ထားရှိရန် ဓမ္မပလ္လင်မုခ်ကပ်အခိုင့်(axial niche) ပါရှိသည်။ အမိုးကို flat roof ကိုသုံးလေ့ရှိတာကိုတွေ့ရပါတယ်။ အမိုး material ကိုလည်း အုတ်နဲ့ပဲပြုလုပ်ခဲ့ကြသည်။Hall(သို့) ဓမ္မသာလာကို ဘာသာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက်သုံးသည်။ ဓမ္မသာလာကိုတော့ နံရံတွေနဲ့ ပိတ်ထားခြင်းမရှိဘဲ အုတ်ခုံ(platform)တစ်ခုခံကာတည်ဆောက်လေ့ရှိသည်။ အမိုးတွေကတော့ ယခုလက်ရှိမှာ ပျက်စီးသွားပီဖြစ်ပါတယ်။ သို့ပေမယ့် platform ပေါ်တွင်ကျန်ရှိနေသော socket အရာတွေကိုကြည့်ခြင်းဖြင့် အမိုးကို သစ်သားတိုင်ကြီးများဖြင့် ထောက်ခံပေးထားသည်ဟု သုံးသပ်နိုင်သည်။ အမိုးmaterialအနေနဲ့ကတော့ မီးဖုတ်ရွှံ့ချပ် တွေသုံးနိုင်ခဲ့ပါတယ်။



Multi-cell


ပုံစံ(၂)ဘုန်းတော်ကြီးကျောင်းများသည် ဘုန်းတော်ကြီးများစွာ သီတင်းသုံးနိုင်လောက်အောင် အခန်းများစွာ ပါဝင်သည်။ cellများကို အုတ်များဖြင့်သာဆောက်လုပ်ခဲ့ကြပြီး ကြမ်းခင်းကိုလည်း သဲကျောက်(သို့) အုတ်တို့ဖြင့်ခင်းခဲ့ကြသည်။ ပုံစံ(၁)နဲ့ကွာသည့်အချက်မှာ ဗုဒ္ဓဆင်းတုတော်ကို အဆောက်အုံထဲတွင်ထားရှိခြင်း၊ ဓမ္မသာလာသည် အပြင်ဘက်တွင်ရှိမနေဘဲ cell များဖြင့်ဝန်းရံထားခြင်းတို့ဖြစ်သည်။ အမိုးအနေနဲ့ကတော့ flat roof အပြင် tiered roof(အထပ်ထပ်ဆင့်ထားသောအမိုး)များကိုသုံးခဲ့ကြသည်။




General Characters


ပုဂံခေတ်ဘုန်းတော်ကြီးကျောင်းများတွင် အောက်ပါယေဘုယျ ဝိသေသများကိုတွေ့နိုင်သည်။ - Arch & Vault Construction (ပေါင်းကူးနှင့်ဂုံးများဖြင့်တည်ဆောက်ခြင်း) ကိုအသုံးပြုခြင်း၊ - စုံးထိုးအမိုးဂုံး(Clioster Vault)များကိုcellများပေါ်တွင်သုံးထားခြင်း၊ -အမိုးဂုံးချွန်(Barrel Vault)အမျိုးမျိုးကို လူသွားစင်္ကြံများတွင်သုံးခြင်း၊ -မျက်နှာချင်းဆိုင်ထိုးစီပေါင်းကူး(Corbelled Arch)ကို လှေကားအိမ်များတွင်သုံးခြင်း၊ -ရောင်ခြည်ဖြာပေါင်းကူး(radial or Voussoirs Arch)များကို ဓမ္မပလ္လင်မုခ်ကပ်အခိုင့်(axial niche)များပေါ်တွင်သုံးထားခြင်း၊ -ထုပ်တန်းပေါင်းကူး(Flat Arch)များကို တံခါးများအပေါ်တွင်သုံးခြင်း၊ -Materialအနေနဲ့ကတော့ အုတ်၊သဲကျောက်နှင့် သစ်သားတို့ကိုသုံခြင်း၊ -အမိုးများကို flat roof နှင့် tiered roofများဖြင့်မိုးခြင်း၊ -ဝင်ပေါက်သည် ရှေ့နောက်ဝင်ရိုး(east-west axis)တွင်တည်ရှိခြင်း စသည်တို့ကို ပုဂံခေတ်ဘုန်းတော်ကြီးကျောင်းများတွင်တွေ့နိုင်သည်။



ပုဂံသည် ရှေးဟောင်းမြို့တော်တစ်မြို့ဖြစ်သော်လည်း ယင်း၏အဆောက်အအုံဆောက်လုပ်ခြင်းနည်းပညာနှင့် ဗိသုကာ၊အနုပညာဘက်ရာတို့သည် သူ့ခေတ်သူ့ခါ အဆောက်အအုံများထက် သာလွန်မကောင်းမွန်ရင်တောင် အဆင့်တန်းမနိမ့်မည်မှာ အမှန်ပင်ဖြစ်ပေသည်။ ဆောက်လုပ်ခြင်းလုပ်ငန်းတွင်အသုံးပြုသော ပစ္စည်းများသည်လည်း ပုဂံဒေသတစ်ဝိုက်တွင် အတွေ့များသော၊ပေါများသော ပစ္စည်းများဖြစ်ပြီး ထိုပစ္စည်းများကိုလည်း အကျိုးရှိစွာ၊ ထိရောက်စွာ အသုံးပြုထားသည်ကိုလည်းတွေ့နိုင်သည်။ဒါဟာ ဗိသုကာရှုထောင့်အရကြည့်ရင် ကောင်းမွန်တဲ့ကျင့်သုံးမှုဖြစ်ပါတယ်။


ဘာသာရေးဆိုင်ရာ အဆောက်အဦများထဲမှ တစ်ခုဖြစ်သော ဘုန်းတော်ကြီးကျောင်းများသည်လည်း ပုဂံခေတ် ဗိသုကာဂုဏ်ရှိန်ဝါကို ထောက်ပံ့ပေးနေသော အဆောက်အအုံများလည်းဖြစ်ပါသည်။ ထိုအဆောက်အအုံများကို ဆက်လက်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ရန်မှာလည်း မြန်မာတို့အတွက် အရေးပါသော၊ တန်ဖိုးထားသင့်သော တာဝန်တစ်ရပ်ပင်ဖြစ်ပါတော့သည်။

ကိုဇင်မင်းထက် (ပဉ္စမနှစ်၊ ဗိသုကာ)


_____________________________________________

Source : Inventory of Monuments at Bagan - Pierre Pichar https://end.wikipedia.org/wiki/Bagan http://www.orientalmyanmar.net

အပိုင်း (၂) ဆက်ရန်။

Comments


bottom of page