ပုဂံခေတ် ဘုန်းကြီးကျောင်းများအကြောင်း တစ်စေ့တစ်စောင်း အပိုင်း (၃)
- AAS-YTU

- Mar 6, 2020
- 2 min read
Students’ Pieces | Week 5
—————————————————————
၁၃ရာစုဘုန်းတော်ကြီးကျောင်းများ
(၁) Monument Number 449
အထက်ပါဘုန်းတော်ကြီးကျောင်းသည် လေးမျက်နှာဘုန်းကြီးကျောင်းဝင်းတွင် တည်ရှိသည်။ single cell monastery type ဖြစ်သည်။ ဝင်ပေါက်သည် ရှေ့နောက်ဝင်ရိုးတွင်တည်ရှိသည်။ (ပုံ-၆ တွင်ကြည့်ရန်) Spatial Relationship အရဆိုရင် space within space ဖြစ်နေတာကိုတွေ့ရပြီး Spatial Organization အရ Centralized Organization ဖြစ်နေတာကိုတွေ့ရပါသည်။ Transformation အပိုင်းတွင် additive transformation ဖြစ်နေပြီး Formal Organization ပိုင်းမှာတော့ centralized form ဖြစ်နေတာကိုတွေ့ရပါသည်။ Configuration အပိုင်းတွင် cubic form ဖြစ်နေသည်ကို တွေ့နိုင်ပြီး Structure ပိုင်းမှာတော့ regular ဖြစ်တယ်လို့ သတ်မှတ်နိုင်ပါသည်။ Construction method ကတော့ arch and vault construction method ကိုသုံးထားပါသည်။

(၂) Monument Number 1444
အထက်ပါဘုန်းတော်ကြီးကျောင်းသည် မင်္ဂလာစေတီပရဝုဏ်ထဲတွင်တည်ရှိသည်။ Single cell monastery type ဖြစ်သည်။ ဝင်ပေါက်သည် ရှေ့နောက် ဝင်ရိုးတွင်တည်ရှိသည်။(ပုံ-၇ တွင်ကြည့်ရန်) Spatial Relationship အရဆိုရင် space within space ဖြစ်နေတာကိုတွေ့ရပြီး Spatial Organization အရ Centralized Organization ဖြစ်နေတာကိုတွေ့ရပါသည်။ Transformation အပိုင်းတွင် additive transformation ဖြစ်နေပြီး Formal Organization ပိုင်းမှာတော့ centralized form ဖြစ်နေတာကိုတွေ့ရပါသည်။ Configuration အပိုင်းတွင် cubic form ဖြစ်နေသည်ကို တွေ့နိုင်ပြီး Structure ပိုင်းမှာတော့ axis ၂ခုလုံးမှာ symmetric ဖြစ်နေတာကြောင့် regular ဖြစ်တယ်လို့ သတ်မှတ်နိုင်ပါသည်။ Construction method ကတော့ arch and vault construction method ကိုသုံးထားပါသည်။

၁၄ ရာစုဘုန်းတော်ကြီးကျောင်းများ
(၁) Monument Number 1394
အထက်ပါဘုန်းကြီးကျောင်းသည် မြင်းကပါမြို့မြောက်ဘက်တွင်တည်ရှိသည်။ Single cell monastery type ဖြစ်သည်။ ဝင်ပေါက်သည် ရှေ့နောက် ဝင်ရိုးတွင်တည်ရှိသည်။(ပုံ-၈ တွင်ကြည့်ရန်) Spatial Relationship အရ Space within Space ဖြစ်နေပါသည်။ Solid space တွေဖြစ်တဲ့ Masonry wallတွေက Void space ဖြစ်တဲ့ အတွင်းခန်းကို ဝန်းရံထားသောကြောင့် ဖြစ်သည်။ Spatial Organization တွင်တော့ သိသာသည့် organization သုံးထားခြင်းမရှိပေ။ Transformationအပိုင်းနှင့် Formal Organization ပိုင်းတို့တွင်လည်း အလားတူပင်ဖြစ်သည်။ Configuration အပိုင်းတွင် cubic form ဖြစ်နေသည်ကို တွေ့နိုင်ပြီး Structure ပိုင်းမှာတော့ axis ၂ခုလုံးမှာ symmetric ဖြစ်နေတာကြောင့် regular ဖြစ်တယ်လို့ သတ်မှတ်နိုင်ပါသည်။ Construction method ကတော့ arch and vault construction method ကိုသုံးထားပါသည်။

(၂) Monument Number 1822
အထက်ပါဘုန်းကြီးကျောင်းသည် ထီးလိုမင်းလိုစေတီ၏ အနောက်တောင်ဘက်တွင်တည်ရှိသည်။ Single cell monastery type ဖြစ်သည်။ ဝင်ပေါက်သည် ရှေ့နောက် ဝင်ရိုးတွင်တည်ရှိသည်။(ပုံ-၉ တွင်ကြည့်ရန်) Spatial Relationship အရ Space within Space ဖြစ်နေပါသည်။ Solid space တွေဖြစ်တဲ့ Masonry wallတွေက Void space ဖြစ်တဲ့ အတွင်းခန်းကို ဝန်းရံထားသောကြောင့် ဖြစ်သည်။ ကျန်ရှိသည့် အပိုင်းများသည်လည်း အထက်တွင် တင်ပြခဲ့သော Monument number 1394 နှင့်တူတူပင်ဖြစ်သည်။

အခုလေ့လာခဲ့တဲ့ ၁၂ ရာစုမှ၁၄ရာစုတွင်းတည်ဆောက်ခဲ့တဲ့ ဘုန်းတော်ကြီးကျောင်အားလုံးဟာ Arch and Vault Construction methodကိုသုံးထားကြတာကိုတွေ့ရပါတယ်။ ငလျင်နှင့် ပတ်သက်တဲ့ conceptတွေမရှိသေးတဲ့ခေတ်မှာ symmetrical layout plan တွေကိုအသုံးပြုခဲ့ကြခြင်းဟာ ပုဂံခေတ်အဆောက်အုံတွေကို ကြာရှည်စွာတည်တံ့စေခဲ့တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။အခန်းတစ်ခန်းတည်းပါဝင်သောဘုန်းတော်ကြီးကျောင်းအများစုဟာ central corridorပါတတ်ကြတာကို တွေ့ရပါတယ်။ ဘုန်းကြီးကျောင်းအများစုရဲ့ အရှေ့မျက်နှာစာတွေဟာ ဆင်တူမှုရှိတာကိုလည်းတွေ့ရပါတယ်။ဘုန်းကြီးကျောင်းအရှေ့မျက်နှာစာများတွင် တံခါးနှစ်ဖက်နှင့် ဓမ္မပလ္လင်မုခ်ကပ်အခိုင့် (axial niche)တွေဟာ ဘုန်းတော်ကြီးကျောင်းအလိုလိုတွင်ပါဝင်နေကြပါတယ်။ ၁၂ ရာစုအတွင်းတည်ခဲ့ကြတဲ့ ဘုန်းတော်ကြီးကျောင်းတွေဟာ တခြားရာစုတွင်းတည်ခဲ့တဲ့ဘုန်းကြီးကျောင်းတွေထက် Formအရရော ဗိသုကာနှင့်အနုပညာအသေးစိတ်မှုရောက ပိုမိုထင်ရှားသာလွန်ကောင်းမွန်နေပါတယ်။ Formအပိုင်းအနေနဲ့ Regular Form တွေဖြစ်တဲ့ cubic form တွေကိုတွေ့ရပြီး Transformation ပိုင်းမှာတော့ Additive Transformationကိုအသုံးများကြပါတယ်။ Spaceအနေနဲ့ကတော့ Space within a space ကိုအများစုတွေ့ရပါတယ်။ Organizationပိုင်းမှာတော့ Centralized Organizationကိုအသုံးများကြပါတယ်။ ပုဂံခေတ်ဘုန်းတော်ကြီးကျောင်းများသည် ဗိသုကာရှုထောင့်အရရော Structureရှုထောင့်အရပါ အပြည့်စုဆုံးအဆင့်မှာ ရှိမနေရင်တောင် အလယ်လတ်ထက်သာလွန်ကောင်းမွန်သော အဆင့်တွင် တည်ရှိနေသည်ဟုပင် မှတ်ချက်ပြုချင်ပါတော့သည်။
ကိုဇငျမငျးထကျ ( ဗိသုကာ - ပဉ်စမနှစျ)
———————————————————
References -Form, Space & Order by Francis DK Ching -Inventory of Monuments at Began by Pierre Pichard



Comments