ပုဂံခေတ် ဘုန်းကြီးကျောင်းများအကြောင်း တစ်စေ့တစ်စောင်း အပိုင်း (၂)
- AAS-YTU

- Feb 28, 2020
- 2 min read
Students’ Pieces | Week 4
—————————————————————
ပုဂံခေတ် ဘုန်းကြီးကျောင်းများအကြောင်း တစ်စေ့တစ်စောင်း အပိုင်း (၂)
ယခုတစ်ခေါက်တွင် ပုဂံခေတ်ဘုန်းတော်ကြီးကျောင်းများတွင် ပါဝင်ဖွဲ့စည်းထားသော ဗိသုကာဝိသေသလက္ခဏာများကို ဖော်ပြသွားပါမည်။ ပုဂံခေတ်အစောပိုင်းတွင်တည်ထားကိုးကွယ်ခဲ့ကြသော ဘုန်းတော်ကြီးကျောင်းအများစုသည် သဘာဝဘေးဒဏ်ကြောင့် ယနေ့အချိန်တွင်မျက်မြင်ကိုယ်တွေ့ မတွေ့မြင်နိုင်တော့ပေ။ ယင်းအဆောက်အုံတို့၏ အကြွင်းကျန်သာရှိတော့သည်။ ထို့ကြောင့်လက်ရှိအချိန်ထိတင်ကျန်နိုင်ခဲ့သော ဘုန်းတော်ကြီးကျောင်းများထဲမှ အချို့ကိုကောက်နုတ်ရွေးချယ်ကာ ယင်းတို့၏ ဗိသုကာဝိသေသများကိုသုံးသပ်သွားပါမည်။ကျန်ရှိခဲ့သောဘုန်းတော်ကြီးကျောင်းအများစုသည် ၁၂ရာစုနှင့် ၁၂ ရာစုနောက်ပိုင်း ဆောက်လုပ်ခဲ့ကြဘုန်းတော်ကြီးကျောင်းများဖြစ်ကြသည်။ ၁၂ရာစုသည်ပုဂံခေတ်ဗိသုကာပညာ၏ အထွတ်ထိပ်ရောက်ချိန်ဖြစ်ရာ ထိုခေတ်ကာလနှင့် ထိုခေတ်နောက်ပိုင်း ဘုန်းတော်ကြီးကျောင်းများ၏ ဗိသုကာအဆင့်တန်းကို ဗိသုကာဆိုင်ရာ အချက်လက်များဖြင့်နှိုင်းယှဥ်သုံးသပ်သွားပါမည်။ ဗိသုကာဝိသေသများကိုသုံးသပ်ရာတွင် အောက်ပါအချက်များဖြင့်သုံးသပ်သွားပါမည်။ (၁) Spatial Composition (၂) Form Composition (၃) Structure and Construction
Spatial Composition အပိုင်းတွင် ခေါင်းစဥ်ခွဲများစွာရှိသည့်ထဲမှာမှ Spatial Relationships နှင့် Spatial Organization တို့ကိုအခြေခံ၍ သုံးသပ်သွားပါမည်။ (ပုံတွင်ကြည့်ရန်)

Form Composition အပိုင်းတွင် Transformation of Form၊ Form Configuration နှင့် Formal Organization တို့ဖြင့်သုံးသပ်သွားပါမည်။
Spatial Relationships တွင် - Space within a space - Interlocking space - Adjacent space - Space linked by common space တို့ပါဝင်သည်။ (ပုံ-၁ တွင်ကြည့်ရန် ) Spatial Organization တွင် - Centralized Organization - Linear Organization - Radial Organization - Clustered Organization - Grid Orgnization တို့ပါဝင်သည်။ (ပုံ-၃ တွင်ကြည့်ရန် )

၎င်းအချက်များဖြင့် ပုဂံခေတ်ဘုန်းတော်ကြီးကျောင်းများ၏ spများကိုလေ့လာတင်ပြသွားပါမည်။
Transformation of Form တွင် - Dimensional Transformation - Substractive Transformation -Additive Transformation တိုပါဝင်သည်။ (ပုံ-၂ တွင်ကြည့်ရန်) ယင်းအချက်တို့ဖြင့် ဘုန်းတော်ကြီးကျောင်းများ၏ formကို လေ့လာသွားပါမည်။ Form သည် space planning ပေါ်မူတည်၍ဖြစ်ပေါ်လာနိုင်သလို space planning သည်လည်း form အပေါ်အခြေပြု၍ ဖြစ်တည်လာနိုင်ပါသည်။ ထို့ကြောင့်Form နှင့် Space တို့၏ Organization တွင်ပါဝင်သော အချက်များသည် တူညီကြသည်။ Spatial Organization တွင်ပါဝင်သောအချက်များအားလုံးသည် Formal Organization တွင်ပါဝင်ကြသည်။
Form Configuration တွင် - Regular Form - Irregualar Form တို့ပါဝင်သည်။ (ပုံ-၂ တွင်ကြည့်ရန်)

ယင်းတို့ကိုအခြေခံ၍ ဘုန်းတော်ကြီးကျောင်းများတွင် မည်သည့် Configurationကိုသုံးထားကြသည်ကိုလေ့လာသွားပါမည်။
Structure and Construction ပိုင်းတွင်ဘုန်းတော်ကြီးကျောင်းများ၏ plan layoutကိုကြည့်၍ regular ဖြစ် မဖြစ်ကိုသုံးသပ်သွားပါမည်။ ထို regular ဖြစ်မဖြစ်ပေါ်မူတည်၍ ငလျင်နှင့် ပတ်သက်သည့် အချက်အနည်းငယ်ကို တင်ပြသွားပါမည်။ မည်သည့် construction method ကိုအသုံးပြုထားသည်ကိုလည်းဖော်ပြသွားပါမည်။
၁၂ ရာစုဘုန်းတော်ကြီးကျောင်းများ
(၁) တူရွင်းပုထိုးကျောင်း
တူရွင်းပုထိုးကျောင်းသည် တူရွင်းပုထိုးပရဝုဏ်အတွင်း တည်ရှိသည်။ အခန်းတစ်ခန်းသာ ပါဝင်သော ဘုန်တော်ကြီးကျောင်းအမျိုးစားဖြစ်သည်။ ဝင်ပေါက်သည် ရှေ့နောက် ဝင်ရိုးတွင် တည်ရှိသည်။ (ပုံ-၄ တွင်ကြည့်ရန်) Spatial Relationship အရဆိုရင် space within space ဖြစ်နေတာကိုတွေ့ရပါသည်။ အလယ်ခန်း၏ space ကို corridor ပါဝင်သော space ကဝန်းရံထားသောကြောင့် ဖြစ်သည်။ Spatial Organization တွင် အလယ်က အခန်းကို ဗဟိုပြု၍ ဘေးပတ်လည်တွင် ပုံစံတူ space များဖြင့် စီစဥ်ထားသောကြောင့် centralized organization ဖြစ်နေတာကိုတွေ့ရပါသည်။ Transformation တွင် Additive Transformation သုံးထားတာကို တွေ့ရပါသည်။ Formal Organization သည်လည်း spatial organization အတိုင်းဖြစ်နေပါသည်။ Configuration အပိုင်းတွင် Form အနေနဲ့ကတော့ regular form တွေထဲက တစ်ခုဖြစ်တဲ့ cubic formသုံးထားတာကိုတွေ့ရပါသည်။ Structure ပိုင်းမှာ regular ဖြစ် မဖြစ်ဆိုတာဟာ သုံးထားတဲ့၊ plan ချထားတဲ့ structural components တွေရဲ့ layout ဟာ ဘယ်ညာ symmetric ဖြစ်၊ မဖြစ်ပေါ်မူတည်နေပါတယ်။ ယခုပုံမှာဆိုရင် East-West Axis မှာရော North-South Axis မှာပါ symmetricနီးပါးဖြစ်နေတာကိုတွေ့ရပါသည်။ ဒီလို symmetrical structural layout plan တွေဟာ ငလျင်တွေကို ကောင်းကောင်းခံနိုင်ရည်ရှိကြပါသည်။ အဲ့ဒါကြောင့်လည်း ယခုထက်ထိ ဒီဘုန်းကြီးကျောင်းတွေဟာ ငလျင်ဒဏ်ခံခဲ့ရတာတောင် ပုံစံအရမ်းမပျက်ဘဲ ဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။Construction method. မှာတော့ Arch and Vault Construction method ကိုအဓိကသုံးထားပါသည်။
(၂) စိုးမင်းကြီးအုတ်ကျောင်း
စိုးမင်းကြီးအုတ်ကျောင်းသည် စိုးမင်းကြီးစေတီတော်ရဲ့တောင်ဘက်တွင်တည်ရှိသည်။ အခန်းများစွာပါဝင်သော ဘုန်းကြီးကျောင်းအမျိုးစားဖြစ်သည်။ ဝင်ပေါက်သည် ရှေ့နောက်ဝင်ရိုးတွင် တည်ရှိသည်။ (ပုံ-၅ တွင်ကြည့်ရန်)

Spatial Relationship အရဆိုရင် Space within space ဖြစ်နေပါသည်။ အလယ်က courtyard space ကို အခန်း(cells)တွေပါဝင်တဲ့ space များက ဝန်းရံထားသောကြောင့်ဖြစ်သည်။ Spatial Organization တွင် centralized organizationဖြစ်နေတာကို တွေ့ရပါသည်။ Transformation အပိုင်းတွင် Additive Transformation ကိုအသုံးပြုထားပြီး Formal Organizationသည်လည်း Spatial Organization အတိုင်းဖြစ်နေပါသည်။ Configuration အပိုင်းတွင် form ကို cube ၂ခုဆင့်ထားတဲ့ပုံအနေနဲ့ တွေ့မြင်ရပါသည်။ Structure အပိုင်းမှာတော့ axis ၂လုံးမှာ symmetric ဖြစ်နေတာကြောင့် regular ဖြစ်တယ်လို့ပြောလို့ရပါသည်။ Arch and Vault Construction method ကိုအဓိကသုံးထားပါသည်။
ကိုဇငျမငျးထကျ ( ဗိသုကာ - ပဉ်စမနှစျ)

အပိုင်း (၃) ဆက်ရန်။
———————————————————
References -Form, Space & Order by Francis DK Ching -Inventory of Monuments at Began by Pierre Pichard



Comments