top of page

ARCHITECTURE QUIZ

  • Writer: AAS-YTU
    AAS-YTU
  • May 24, 2020
  • 1 min read

Accessibility in Design


Accessible Design ကောင်းတစ်ခုဆိုတာကတော့ ပုဂ္ဂလိကပိုင်နေရာဖြစ်စေ၊ အများပြည်သူသုံးနေရာတစ်ခုဖြစ်စေ မည်သူမဆို သင့်တင့်ကောင်းမွန်စွာ ဝင်ရောက် အသုံးပြုနိုင်ဖို့ရည်ရွယ်ပြီး Design ပြုလုပ်ထားခြင်းမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။


မည်သူမဆိုလို့ ဆိုတဲ့အခါမှာ ဘယ်သူတွေပါကြမှာလဲ// ဘယ်သူတွေကောင်းမွန်စွာ အသုံးပြုနိုင်ရမှာလဲ။


Design တစ်ခုရေးဆွဲအကောင်ထည်ဖော်တဲ့နေရာမှာ ကျန်းမာသန်စွမ်းစွာအလုပ်လုပ်ကိုင်ပြီး ရှင်သန်နေကြတဲ့သူတွေသာမက မသန်စွမ်းသူများပါ အသုံးပြုနိုင်ဖို့ အတွက်စဉ်းစားပေးဖို့လိုပါတယ်။ ဒီအပြင်သာမက အိမ်တစ်လုံးမှာ ငယ်ရွယ်စဉ်ကနေ စတင်နေထိုင်ပြီး အိုမင်းလာတဲ့ သက်ကြီးရွယ်အိုများ၊ စိတ်ကျန်းမာရေးချို့ယွင်းနေသူများ သာမက ခိုလှုံရာတစ်ခုအတွက် ရုန်းကန်နေရတဲ့ အိမ်ရာမဲ့များ အစရှိသူတို့ ကောင်းမွန်စွာ အသုံးပြုနိုင်ရေးကိုရှေးရှုပြီး တစ်ဦးချင်း အနေအထားဖြင့် ဖြစ်စေ၊ လူမှုအဝန်းဝိုင်းအားဖြင့်ဖြစ်စေ ကူညီပေးနိုင်ရန်စဉ်းစားထားတဲ့ Design မျိုးကို လူသားချင်းရှေးရှုထောက်ထားသော Accessible Design များဟု ဆိုနိုင်ပေသည်။



ree

Comments


bottom of page