STUDENTS' PIECES
- AAS-YTU

- May 24, 2020
- 3 min read
Students’ Pieces | Week 16
—————————————————————
9 INTERIOR DESIGN TERMS YOU SHOULD KNOW (Part 1)
1. BOHEMIAN
Bohemian သို့ Boho လို့ အခေါ်အဝေါ်ရှိကြတဲ့ decorating style ဟာဆိုရင်တော့ မိမိတို့ရဲ့ နေထိုင်ရာအိမ်ကို ခေတ်ကာလအလျောက် တိုးတက်ပြောင်းလဲလာတဲ့ ယဉ်ကျေးမှုတွေ၊ စိတ်ဝင်စားဖွယ် အနုပညာလက်ရာတွေနဲ့ ပြည့်နှက်နေပြီး ရှင်သန်နေနဲ့ ဘဝရဲ့ အနှစ်သာရကို ပေါ်လွင်စေချင်တဲ့ သူတွေအတွက်ပဲ ဖြစ်ပါတယ်။ Bohémian လို့ခေါ်တဲ့ ပြင်သစ်စကားလုံးဟာ Czech Republic, Bohemia ဒေသရှိ တစ်နေရာနဲ့ တစ်နေရာကို ကူးသန်းသွားလာလေ့ရှိကြတဲ့ gypsies လို့ခေါ်ခဲ့ကြသော လူတစ်စုကနေ စပြီး အခေါ်အဝေါ်တွင်လာတာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ ဒီဝေါဟာရဟာ ပိုကျယ်ပြန့်လာခဲ့ပြီး ဘဝကို သမားရိုးကျဖြတ်သန်းနေကြတာမဟုတ်တဲ့ ခရီးသည်တွေ၊ အနုပညာရှင်တွေ၊ စာရေးဆရာတွေရဲ့ နေထိုင်မှုပုံစံကို ထင်ဟပ်နေသော Boho Style ဆိုပြီး ခေါ်ဝေါ် သုံးစွဲလာကြတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် Bohemian Interior Style ဟာ carefree ဖြစ်တယ်၊ relaxed ဖြစ်တယ်၊ unusual ဖြစ်တယ်။ သူ့ရဲ့ အဓိက key point ဟာဆိုရင်တော့ mixing နဲ့ layering ဖြစ်တယ်။ Texture တွေ Pattern တွေ Material တွေ အမျိုးမျိုးကို ကောင်းမွန်စွာ ရောနှောသုံးတတ်ဖို့လိုမယ်။ Furniture တွေရဲ့ အပေါ်မှာ layer အထပ်ထပ်တွေ၊ ဥပမာအားဖြင့် tapestry လို့ခေါ်တဲ့ ရောင်စုံချည်နဲ့ ပုံဖော်ထားတဲ့ အထည်တွေ၊ ကော်ဇော၊ ခင်းနှီးတွေ အပြင် နံရံတွေမှာဆိုရင်လည်း ဓာတ်ပုံတွေ ပန်းချီတွေနဲ့ နေရာတကျရှိနေဖို့ လိုမယ်။ အရမ်းရောနှောရှုပ်ထွေးတယ်လို့ ထင်ကောင်းထင်ရပေမယ့်လို့ saturated ဖြစ်တဲ့ color တွေဟာ Bohemian style ရဲ့ အဓိကသော့ချက် ဖြစ်တယ်ဆိုတာကို သတိရဖို့လိုပါတယ်။ ဒီလို foreground မှာ ရှုပ်ထွေးနေတတ်တာမို့ neutral color တွေကို background အဖြစ်နဲ့ သုံးလေ့ရှိကြပါတယ်။ အဖြူရောင်ကတော့ recommendation အများဆုံး color ပါပဲ။
2. ECLECTIC
Eclectic Interior Design ဟာဆိုရင်တော့ space တစ်ခုတည်းမှာကိုပဲ မတူညီတဲ့ ခေတ်ကာလက style တွေကို ခြားနားနေပေမယ့်လို့ harmony ဖြစ်အောင် ရောနှောထားတာတွေ၊ texture အမျိုးမျိုးကို juxtapose လုပ်ထားတာတွေ၊ contrasting color တွေ shape တွေကိုလည်း သေသေသပ်သပ် သူ့နေရာနဲ့သူ ရွေးချယ်ပြီး ဒီ space လေးကို အကုန်ခြုံငုံကြည့်လိုက်တဲ့ အခါမှာ cohesive ဖြစ်နေတယ်ဆိုတဲ့ realization ကိုရစေတဲ့ style ပဲဖြစ်ပါတယ်။ သူဟာ စည်းဘောင်တွေမရှိပဲ လွတ်လွတ်လပ်လပ်နဲ့ experiment လုပ်နိုင်တဲ့ ကိုယ်ပိုင် style တစ်ခုဖြစ်တာကြောင့် elements တွေကို စိတ်တိုင်းကျ ပစ်ထည့်လို့ရတဲ့ “anything-can-go way of decorating” လို့ အမှတ်မှားကြလေ့ရှိပါတယ်။ တကယ်တော့ Eclectic Style စစ်စစ်ဟာ အဓိပ္ပာယ်ရှိရှိ ခိုင်ခိုင်မာမာ မာန်ပါပါနဲ့ သေသေချာချာ စိစစ်ပြီး စဉ်းစားထားရတာမျိုးပါ။
ဒီ Eclectic Style စစ်စစ်ကို ပုံဖော်ရာမှာ အရေးအကြီးဆုံးအချက်ကတော့ interesting elements တွေကို သေချာဂရုစိုက်ပြီး ရွေးချယ်တတ်ဖို့ ပါပဲ။ ပြီးတဲ့အခါမှာ core palette ကို အရင်ဦးဆုံးရွေးချယ်တတ်ဖို့၊ ရိုးရှင်းတဲ့ wall covering တွေရယ်၊ pattern, texture, shape, finish, color တွေ ကို ကောင်းကောင်းကစားနိုင်ဖို့၊ old period တွေက furniture တွေရယ် modern ones တွေရယ် ရောနှော နေရာချထားတတ်ဖို့ စသဖြင့် ဒီ main characteristic လေးတွေကို သိထားဖို့ လိုပါမယ်။
3. WABI SABI
“Wabi-sabi” ဆိုတဲ့ ဝေါဟာရဟာဆိုရင်တော့ Japanese term တစ်ခုဖြစ်ပြီး “Finding Beauty in Imperfection” လို့ အဓိပ္ပာယ်ရပါတယ်။ ‘Wabi’ ဆိုတဲ့ စကားလုံးဟာ နှိမ့်ချမှု ရိုးရှင်းမှုတွေနဲ့အတူ သဘာဝအတိုင်း နေထိုင်ခြင်းလို့ ဆိုလိုပြီး ‘sabi’ ဆိုတဲ့ စကားလုံးကတော့ သက်ရှိတွေရဲ့ သဘာဝဖြစ်စဉ်တွေ အပြစ်အနာအဆာတွေကိုပါ လက်ခံနိုင်မှုလို့ ဆိုလိုကြောင်း သိရပါတယ်။ Interior Design or Interior Decoration နဲ့ ပတ်သက်လာရင်တော့ Wabi-sabi home တစ်ခုဆိုတာဟာ “authenticity” ဆိုတဲ့ စစ်မှန်မှုကို လက်ခံယုံကြည်ပြီး သဘာဝရဲ့ ငြိမ်သက်မှုတွေ သာယာအေးချမ်းမှုတွေကို ခံစားပြီး design ထားခြင်း ဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုလို့ရပါတယ်။ ပကာသနတွေမပါတဲ့ Wabi-sabi design ဟာ ကိုယ် design မည့် ဒီ space တစ်ခုထဲကို နောက်ဆုံးပေါ် တောက်တောက်ပြောင်ပြောင် elements တွေပေါင်းထည့်ထားတာမျိုး မဟုတ်၊ space ရဲ့ ထောင့်ပေါင်းစုံ အသေးစိတ်လေးတွေတိုင်းကို flawless ဖြစ်အောင် အားထုတ်ပြီး design ထားတာမျိုးလည်း မဟုတ်ပဲ “authenticity” ရယ် “imperfection” တွေရယ်ထဲမှာမှ harmony ကို ရှာဖွေတွေ့ရှိပြီး design ပိုင်းမှာ အသုံးချခြင်းပဲ ဖြစ်ပါတယ်။
သဘာဝကို လက်ခံတဲ့ style တစ်ခုဖြစ်တာကြောင့် Wabi-sabi home တွေမှာဆိုရင် လက်မှုပညာရပ်တွေ၊ သဘာဝ material တွေ၊ furniture တွေကို အလေးပေးပြီး အသုံးပြုထားတာကို တွေ့ရမှာဖြစ်ပါတယ်။ Clutter-free ဖြစ်ပြီး သပ်သပ်ရပ်ရပ် စနစ်တကျ furniture arrangement တွေနဲ့ ရှိနေပေမယ့်လို့ ငြိမ်သက်အေးချမ်းတယ်ဆိုတဲ့ sense လေးကိုပဲ ပေးချင်တာဖြစ်တဲ့အတွက် minimal aesthetic ရဲ့ထက်ဝက် အတိုင်းအတာလောက်အထိပဲ ရိုးရိုးရှင်းရှင်း စဉ်းစားပြီး design ထုတ်ရမှာ ဖြစ်ပါတယ်။ Wabi-sabi နဲ့ minimalism ရဲ့ကွဲပြားမှုကို ပြောရမယ်ဆိုရင်တော့ Wabi-sabi ဟာ ဒီအိမ်လေးတစ်ခုမှာ နေထိုင်မည့်သူအတွက် ပျော်ရွှင်စေတဲ့ အရာဝတ္ထုတွေကို ပြသထားပြီး nostalgic ဖြစ်တဲ့ design approach ကိုပေးရမှာ ဖြစ်ပြီး minimalism မှာဆိုရင်တော့ နေထိုင်တဲ့ သူဟာ သူကြိုက်နှစ်သက်တဲ့ အရာဝတ္ထုဖြစ်သော်ငြားလည်း minimal ဖြစ်ဖို့ကိုပဲ စိတ်အားထက်သန်နေတဲ့အတွက် အဲ့ဒီ အရာဝတ္ထုကို ဖယ်ပစ်ဖို့ ဝန်လေးစရာမလိုပါဘူး။
4. SCANDINAVIAN
Scandinavian Interior Design ဟာဆိုရင်တော့ minimalism, simplicity နဲ့ functionality တွေရဲ့ အသွင်ကိုဆောင်တဲ့ design movement တစ်ခု ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်လောက်ထဲက ရှိခဲ့တဲ့ Scandinavian Design ဟာ ဒီနေ့ခေတ်အထိလည်း ထင်ရှားဆဲဖြစ်ပါတယ်။
Scandinavian Style ရဲ့ အရေးကြီးတဲ့ အခြေခံအချက် တွေအကြောင်းပြောရမယ် ဆိုရင်တော့ နံပါတ် ၁ အချက်က wooden floors တွေပါ။ သဘာဝ material တွေဖြစ်တဲ့ leather, wood, hemp တွေကို အဓိကထားသုံးတာဟာ သူ့ရဲ့ characteristic တစ်ခုပါပဲ။ သစ်သားကို ကြမ်းခင်းမှာတင် မဟုတ်ပဲ furniture တွေ fixture တွေမှာပါ အသုံးပြုကြပါတယ်။ အခုနောက်ပိုင်းမှာ ဆိုရင်တော့ သစ်သားတစ်မျိုးတည်း မဟုတ်ပဲ metallic finish တွေကိုပါ ပေါင်းထည့်ထားတဲ့ furniture တွေအသုံးများလာကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Furniture arrangement လုပ်တဲ့ နေရာမှာဆိုရင်လည်း user အတွက် function ပြေလည်တဲ့ form တွေကို ပေးနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ modern လည်းဖြစ်တဲ့ မျဉ်းဖြောင့်တွေ ဖြစ်စေ မျဉ်းကွေးတွေ ဖြစ်စေ ထင်ရှားနေပြီး ချောမွေ့တဲ့ မျက်နှာပြင်တွေ rounded edge တွေရှိတဲ့ furniture မျိုးကို ရွေးချယ်သုံးသင့်ပါတယ်။ ဒါ့အပြင် Scandinavian Design ဟာ innovative လည်းဖြစ်တာကြောင့် space-savvy ဖြစ်စေတဲ့ storage space တွေကို နံရံ level တွေ ကစားကြည့်ပြီး design ဖို့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ သဘာဝအလင်းရောင် ကောင်းကောင်းနဲ့ space တစ်ခုလုံးဟာ လင်းလင်းချင်းချင်းရှိနေနိုင်ဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ Daylight မရှိတဲ့ အချိန်မှာဆိုရင်တောင် လုံလောက်တဲ့ artificial lighting တွေကိုပေးပြီး အခန်းကို spacious and inviting ဖြစ်စေတဲ့ mood တစ်ခုပေးနိုင်ဖို့ လိုအပ်ပါတယ်။ Scandinavian Designer တွေကတော့ Industrial Design ဘက်ကိုသွားတဲ့ light fixture အမျိုးမျိုး (wall sconces, pendant lamps etc.) ကို အသုံးပြုပြီး design ကြလေ့ရှိပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီ spacious ဖြစ်ပြီး လင်းလင်းချင်းချင်းနဲ့ inviting ဖြစ်နေတဲ့ mood ကို maintain နိုင်ဖို့အတွက် neutral color wall finish တွေ floor finish တွေကို ရွေးချယ်ဖို့က အရေးကြီးလာပြန်ပါတယ်။ နောက်ထပ် ထင်ရှားတဲ့ feature ကတော့ နွေးနွေးထွေးထွေးရှိတဲ့ textile တွေရယ် ရိုးရှင်းတဲ့ decorative element တွေကို ထားသိုဖို့ပါပဲ။
ဆက်ရန် -
Reference : https://www.thespruce.com
https://www.decoraid.com
မကြည်ဖြူမြတ်နိုး (စတုတ္ထနှစ်၊ ဗိသုကာ)
Every Friday on AAS-YTU Facebook Page











Comments