Students' Pieces
- AAS-YTU

- May 8, 2020
- 2 min read
Students’ Pieces | Week 14
————————————————————-
Designers’ comfort
ကျွန်တော် design စဉ်းစားရင်တော့ human comfort ကစစဉ်းစားတယ်။
အထူးသဖြင့် ကျွန်တော့် comfort ပေါ့။
ဒီအပိုင်းက ခေါင်းစဉ်အတိုင်း အိပ်ရေးအပျက်မခံဘဲ jury ကောင်းကောင်းဝင်နိုင်ဖို့ပါပဲ။ ဘယ်အချိန် ဘယ်လိုအနားယူရမလဲ သိမှ အလုပ်များများလုပ်နိုင်ပါလိမ့်မယ်။ ထို့ကြောင့် ကျွန်တော်3rd year ကျောင်းသား/သူ တွေအတွက်, design စဉ်းစားတဲ့ အခါမှာ ကြုံတွေ့တတ်တဲ့ အခက်အခဲ အချို့ကို ကူညီဖြေရှင်းပေးဖို့ ရည်ရွယ်ထားပါတယ်။
(1) first discussion
3rd year ရဲ့ပထမဆုံးproject, ကိုပထမအကြိမ် design discussion သွားလုပ်တဲ့ အခါမှာ သတိထားစေ
ချင်ပါတယ်။ မှန်းချက်နဲ့ နှမ်းထွက်
မကိုက်ဘဲ နောက် project တွေ မှာအသစ်အဆန်းတွေ ဖန်တီးဖို့
စိတ်ဓာတ်ခွန်အားတွေ ယုတ်လျော့သွားတာမျိုး ဖြစ်နိုင်ပါတယ်။ဒေါသနဲ့ အပြောခံရရင် ပြောတဲ့သူရော , အပြောခံရတဲ့သူပါ ဖန်တီးနိုင်စွမ်းကို ထိခိုက်စေပါတယ်။
ထို့ကြောင့် အကောင်းဆုံးကြိုးစားထားရင်တောင်, အဆိုးကိုလည်းကြိုတွေးထားဖို့ လိုအပ်ပါလိမ့်မယ်။
(2) start with lateral thinking
Design အစမှာ ရွေးချယ်စရာconcept များများနဲ့စတင်သင့်ပါတယ်။ မတူညီတဲ့ concept တွေကို အဆုံးထိမတွေးတောင် များများစုဆောင်းသင့်ပါတယ်။ ကျွန်တော်တို့project တစ်ခုအတွက်ရတဲ့အချိန်ကို ၃ ပိုင်းခွဲကြည့်မယ်ပေါ့။ ပထမ ပိုင်း မှာ
ကျွန်တော်တို့မတူညီတဲ့ concept တွေများများထုတ်ပြီး သူတို့ရဲ့ အားနည်းချက်, အားသာချက်တွေကို နှိုင်းယှဉ်ကြည့်ပါမယ်။(တစ်ခါတရံ concept Aအတွက် စဉ်းစားထားတဲ့အတွေးဟာ concept B မှာ ပေါင်းစပ်လိုက်ရင် ပိုကောင်းသွားတာမျိုးလည်း
ရှိတတ်ပါတယ်။) ဒုတိယ အပိုင်းမှာ ကျွန်တော်တို့ vertical စတွေးပါပြီ။ အကောင်းဆုံး concept တစ်ခုကိုယူပြီး, သူ့အတွက် details စဉ်းစားတာမျိုးပါ။ အစ-အဆုံးလောက်
စဉ်းစားရင်း တွေ့လာတဲ့ပြဿနာတွေကို ဖြေရှင်းရပါတယ်။ ထိုသို့ ဖြေရှင်းရာတွင် ပြဿနာရဲ့ ကာယကံရှင်က ကျွန်တော်တို့ပဲဖြစ်နေတတ်ပါတယ်။နောက်ဆုံးအပိုင်း, တတိယ အပိုင်းတွင် စက်နဲ့ plan, elevation အကုန်ဆွဲဖို့ဖြစ်ပါတယ်။
(3) Design Vocabulary
Visual design နဲ့ပတ်သတ်ပြီး, ကျွန်တော်တို့ သင်ရတာတွေက ကျွန်တော်တို့သိပြီးသား, ကြုံတွေ့ဖူးပြီးသားအကြောင်းတွေပါပဲ။
ကျွန်တော်တို့ design တစ်ခုလုပ်တဲ့အခါ , ထိုdesign က ဘယ်လို expression မျိုးပေးချင်တယ်, user ကို ဘယ်လို mood မျိုးပေးချင်တယ်ဆိုတာနဲ့ ကျွန်တော်တို့တကယ်ဆွဲတဲ့ design နဲ့ ကြားထဲမှာ design vocabulary နဲ့. ဆက်ထားတာပါပဲ။(အဆောက်အဦးတစ်ခုက သူ့building type အရ ကြီးမြတ်မှုကိုဖော်ပြ
မယ်ပေါ့။ ထိုကြီးမြတ်မှုကို
ကျွန်တော်တို့ design elements တွေသုံးပြီးဖော်ပြကြတယ်။ နောက်, အဆောက်အဦးတစ်ခုက လူတွေရဲ့စိတ်ဝင်စားမှု ရချင်တယ်ဆိုရင်လည်း
ကျွန်တော်တို့က design element တွေကို contrast လုပ်ပြီးရယူမလား, dominance ဖြစ်အောင်လုပ်ပြီး ရအောင်လုပ်မလားပေါ့။ ကျွန်တော်တို့ design အတွက်
ဖြစ်ချင်တဲ့အရာတွေကို ဝေါဟာရတွေနဲ့ ချရေးတယ်။ (ဥပမာ. crystal concept, unity & dominance , deconstruction)
ပြီးမှ ထိုအရာတွေကို design elements တွေဖြစ်တဲ့( point, line, plane, volume) တွေဘယ်လိုရအောင်လုပ်မလဲဆိုတာစဉ်းစားကြတယ်။ကိုယ် design မှာဘယ်လိုပေါ်အောင်
ဖော်ပြမလဲ ပေါ့။ ဒါတွေကို ကျွန်တော် တို့စဉ်းစားရပါတယ်။
(4) concept development
Design concept မစခင်, ကျွန်တော်တို့ existing ကို လေ့လာကြရတယ်။ site ကို လေ့လာပြီးexisting element တွေ ဘာတွေရှိလဲ, ယဉ်ကျေးမှုပြယုဂ်တွေရှိလား, ကျွန်တော်တို့ အလေးအမြတ်ထားရမယ့်အရာတွေရှိလား အရင်မှတ်သားထားရပါမယ်။
( site study အကြောင်း students’ pieces , week 8 https://www.facebook.com/211646272712215/posts/667186080491563/?d=n မှာလေ့လာနိုင်ပါတယ်)
ဘာတွေ ရှိနေလဲ လေ့လာပြီးတဲ့အခါ function အရလိုအပ်ချက်တွေ (ဘာ function တွေ သုံးမလဲ, ဘယ်လိုအခန်းအမျိုးအစားတွေရှိမလဲပေါ့), aesthetic အရ ဘယ်လို style မျိုးနဲ့သွားမလဲ, ကိုယ့်design က အသုံးပြုသူရဲ့ စိတ်ခံစားမှုပိုင်းကို ဘယ်လို သက်ရောက်မှုရှိမလဲ, ဘယ်လို အဓိပ္ပာယ်မျိုးဖြစ်စေမလဲ စတဲ့ preliminary goals တွေကို သတ်မှတ်ကြရပါတယ်။ ထို့နောက် ဖြစ်နိုင်ခြေတွေ အားလုံးကို စဉ်းစားကြရပါမယ်။ (အထက်တွင်ဖော်ပြခဲ့သလိုlateral thinking နဲ့စသင့်ပါတယ်)
ကျွန်တော်တို့ ဘယ်အရာတွေကို ပြောင်းလဲရလဲ, ဘယ်အရာတွေက ပြောင်းလဲ မရဘူးလဲ, ဘယ်အရာတွေ ကို ထိန်းချုပ်နိုင်လဲ,ဘယ်အရာတွေကထိန်းချုပ်လို့ မရဘူးလဲ, ဘယ်အရာတွေခွင့်ပြုထားလဲ, ဘယ်အရာတွေတားမြစ်ထားလဲ, အချိန်တွေ, ငွေကြေးတွေ, ဆောက်လုပ်ရေးနည်းစနစ်ပိုင်းလိုအပ်ချက်တွေ, ဥပဒေစည်းမျဉ်းစည်းကမ်းတွေပါ တစ်ပါတည်း ထည့်သွင်းစဉ်းစားကြရပါတယ်။
ထို့နောက် ကျွန်တော်တို့ လေ့လာမှတ်သားခဲ့တာတွေကို ဘယ်လိုပေါင်းစပ်မလဲ ဆိုတာစဉ်းစားရပါမယ်။ ( အဓိက key issue တစ်ခု/တချို့ ကိုအခြေခံထားပြီး design တစ်ခုလုံးကို develop လုပ်သွားမလား,တစ်ပိုင်းချင်းစီ အကောင်းဆုံးဖြေရှင်းပြီး design တစ်ခုလုံးမှာ ပေါင်းထည့်မလား, ခပ်ဆင်ဆင် ideas တွေ, ideas ကောင်းတချို့ကို လည်း အကောင်းဆုံး တစ်ခု အဖြစ် ဘယ်လို ပေါင်းစပ်မလဲ ဆိုတာမျိုးကို နည်းလမ်းရှာရပါမယ်)
ထိုသို့ စုပေါင်းညှိနှုင်းဖြေရှင်းလို့ ရလာတာတွေ(schematic designs) ကို အားသားချက်, အားနည်းချက်တွေ နှုင်းယှဉ်ပြီး, အကောင်းဆုံး design elements တွေကိုပေါင်းစပ်၍ နောက်ဆုံး design တစ်ခုကို ရရှိပါတယ်
( design ပြတ်သည်ကို ဆိုလိုသည်)
နောက်ဆုံးအနေနဲ့ jury အတွက် ပြင်ဆင်ဖို့ပါပဲ။ ကျွန်တော်တို့ မကြာခဏဆိုသလို အကြောင်းကြောင်းကြောင့် မိမိအားထုတ်ထားတဲ့ Design တစ်ခု၊ creation အသစ် အဆန်းတစ်ခုကို အကောင်းဆုံးချမပြနိုင်လိုက်တဲ့ အချိန်မျိုးလည်း ရှိတတ်ပါတယ်။ အဲ့အခါမျိုးမှာ မိမိရဲ့ အားနည်းချက် အားသာချက်တွေကို ပြန်လည်သုံးသပ်ပြီး နောက်နောင် project များမှာ ဘယ်လိုပြန်လည်ပြင်ဆင်မလဲ ကိုယ်ဘာတွေလိုအပ်နေလဲဆိုတာကို ကိုယ်တိုင်သိရှိပြီး ပြင်ဆင်လို့ ရနိုင်ပါတယ်။
ထို့အပြင် မိမိစိတ်တိုင်းကျ အားထုတ်ထားသောအသစ်ဆန်းတွေကို ဖန်တီးရေးဆွဲနေချိန်မှာ software မနိုင်မှာ အချိန်မမီမှာစိုးရိမ်ရပေမယ့် အကုန်ပြီးသွားရင်တော့ တစ်ခုခု တတ်မြောက် သွားလေ့ရှိတယ်။ကိုယ်ကြိုက်တဲ့design ကို ဖြစ်အောင်လုပ်ရင်း software ပိုင်း, construction techniques ပိုင်း, material ပိုင်း, သို့မဟုတ် ကိုယ်ဖန်တီးချင်တဲ့ architectural style ရဲ့ ဝိသေသလက္ခဏာတွေ, စတာတွေမှာ အသိတစ်ခုခုတိုးနိုင်ပါတယ်။ထို့ကြောင့် design စပေးကတည်းက ကိုယ်ဘယ်လောက်ထိလုပ်ဖို့စဉ်းစားထားလဲ,
ကိုယ်ဘယ်လောက် နိုင်နိုင်နင်းနင်း ရှိလဲ, ကိုယ့်design က အချိန်ဘယ်လောက်လိုလဲကိုပါကြိုတင်ပြင်ဆင်ရင်း design ကောင်းတွေ ဖန်တီးနိုင်ကြပါစေခင်ဗျ။
ကိုရဲညီသန့် (စတုတ္ထနှစ်၊ ဗိသုကာ)
Every Friday on AAS-YTU Facebook Page




Comments