Students' pieces
- AAS-YTU

- Apr 24, 2020
- 1 min read
Students’ Pieces | Week 12
———————————————————-
ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခြင်းခံရသော Coronavirus ကြောင့် လူအများအသက် ဆုံးရှုံးရသည်သာမက လူမှုဘဝ အခြေအနေများမှာလည်း များစွာ ပြောင်းလဲလျက်ရှိသည်။ ထိုသို့ ပြောင်းလဲလာမှုကြောင့် ဗိသုကာများ နေအိမ်နှင့် အများပြည်သူပိုင် အဆောက်အဦ ဒီဇိုင်းများစဉ်းစားရာတွင် မည်သို့ ပြောင်းလဲနိုင်သည်ကို ဤအပတ် Student Piece အဖြစ် တင်ပြလိုက်ပါသည်။
RESIDENTIAL DESIGN
A. Less open-plan
Space တခုလုံးကို တသားတည်းဖြစ်စေသည့် Open-Plan သည် လူတစ်ဦးနှင့် တစ်ဦးထိတွေ့နိုင်ခြေ ပိုများပြီး ရောဂါပိုးမွှားကူးစက်ခံရမှုမှာလည်း လွယ်ပါသည်။ Space များကို Internal wall များခြားထားလိုက်ခြင်းဖြင့် Privacy ရှိနိုင်ပြီး ထိတွေ့နိုင်ခြေလည်း လျော့နည်းသွားနိုင်သည်။
B. Multifunctional Space
Social distancing ကြောင့် လူအများ အိမ်တွင်း၌သာ အချိန်ကုန်နိုင်ကြပြီး Home Office များလည်း ပိုမိုထားရှိလာနိုင်သည်။ ဤသို့ Social Distancing ကာလအတွင်း နေအိမ်ကို Multifunctional Space အဖြစ် မည်သို့ အသုံးချနိုင်သည်ကို ဒီဇိုင်းအနေဖြင့် ထည့်သွင်းစဉ်းစားလာနိုင်သည်။
C. More indoor gardens
အိမ်တွင်းဥယျာဉ်စိုက်ပျိုးမှုများ ရှိလာနိုင်ပြီး Lockdown လုပ်နေစဉ်ကာလအတွင်း၌လည်း Indoor garden မှ အသီးအရွက်များကို စားသုံးနိုင်မည်။
D. Automation system
ရောဂါပိုးမွှားများ ကပ်တွယ်နိုင်သဖြင့် ဖုန်းမှ အလိုအလျောက်ထိန်းချုပ်နိုင်သော Smart Home System များ တွင်ကျယ်စွာ အသုံးပြုလာနိုင်ပြီး ထိတွေ့ရန်မလိုသော Sensing Technology များကိုလည်း အသုံးပြုလာနိုင်သည်။
PUBLIC SPACE DESIGN
A. Air disinfection unit
အများပြည်သူပိုင် အဆောက်အအုံများ အထူးသဖြင့် ဆေးရုံများတွင် UV ဖြင့် ပိုးသတ်ပေးသော လေသန့်စင်စက်များ အသုံးပြုလာနိုင်သည်။
B. Cross ventilation
လေထုထဲမှတဆင့် ကူးစက်သည့် virus ဖြစ်သောကြောင့် အဆောက်အဦအတွင်း mechanical ventilation အသုံးပြုခြင်းနည်းလာပြီး cross ventilation ကို အသုံးပြုလာနိုင်သည်။
C. Antibacterial finishes
COVID-19 virus သည် သစ်, ကတ်ထူ, ဖိုက်ဘာ, ချည်, သားရေစသော မျက်နှာပြင်တို့တွင် ၁ရက်တည်းသာရှင်သန်နိုင်သည့်အတွက် ထို material များကို်ဒီဇိုင်းတွင် မည်သို့ အသုံးချမည်ကို ထည့်သွင်းစဉ်းစားလာရနိုင်သည်။
D. Flexibility of spaces
ရောဂါကူးစက်မှုနှုန်းမြင့်လာချိန် ဆေးရုံများတွင် လူနာများကို ထားရန် ရိုးရိုးလူနာခန်းကို ICU အဖြစ် အလွယ်တကူပြောင်းလဲ အသုံးပြုလာနိုင်သည်။
ကပ်ရောဂါကျနေစဉ်အတွင်း ဗိသုကာများမှလည်း မည်သို့ ပါဝင်နိုင်သည်ကို internet မှဆောင်းပါးများ ကိုးကား၍ ရေးသားလိုက်ရပါသည်။
မကြည်ဖြူခင် (စတုတ္ထနှစ်၊ ဗိသုကာ)
Ref:
Life after coronavirus: how will the pandemic affect our homes ? (Dezeen, 25 March 2020)
The role of architecture in fighting COVID-19_ Designing spaces for infection control (MASS Design Group, 27 March 2020)
How the COVID-19 pandemic will change the built environment (Architectural Digest, 18 March 2020) million
———————————————————
Every Friday on AAS-YTU Facebook Page




Comments