top of page

Morning Pieces

  • Writer: AAS-YTU
    AAS-YTU
  • Apr 27, 2020
  • 1 min read

ဒီနေ့ရဲ့ Morning Piece လေးမှာတော့ The Doge’s Palace အကြောင်းဖတ်ရှုရမှာဖြစ်ပါတယ်။


————————————————————-


Where is the Doge's Palace situated?

Ans. Venice, Italy


အီတလီနိုင်ငံ ‌မြောက်ပိုင်းမှာရှိတဲ့ ရေပေါ်မြို့ကလေးဖြစ်တဲ့ Veniceမြို့ကို လူတိုင်းသိကြမ‌ှာပါ။ ဗင်းနစ်မြို့ဟာ ၁၈ရာစုအထိ လွတ်လပ်တဲ့နိုင်ငံတစ်ခု ဖြစ်ခဲ့ပြီး ‌ Doge လို့ခေါ်တဲ့ တော်ဝင်‌ခေါင်းဆောင်တွေက အုပ်ချုပ်ခဲ့တာပါ။ဗင်းနစ် မြို့မှာ ထူးခြားဆန်းသစ်တဲ့ ဗိသုကာလက်ရာများကို‌တွေ့နိုင်ပြီး Doge's Palaceကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။


Doge's Palaceကို ဗင်းနစ်မြို့ရဲ့ အုပ်ချုပ်သူတွေအတွက် တည်ဆောက်ခဲ့တာ ဖြစ်တယ်။

Doge's Palace ရဲ့ မျက်နှာစာဟာ Gothic စတိုင်လ် ဗိသုကာဟန်ဖြစ်ပြီး အခုံးချွန်များ၊ လက်ရာ‌မြောက်လှသော ပန်းပုရုပ်ထုများ၊ အသေးစိတ်မွမ်းမံထားသော parapet ခေါ် အမိုးပတ်များဖြင့် တန်ဆာဆင်ထားပါတယ်။ ဒါ့အပြင် St Mark's Square နှင့် တူးမြောင်းဘက်ရှိ မျက်နှာစာများတွင် အခုံးချွန်များဖြင့် open galleriesပုံစံမျိုး ပြုလုပ်ထားသဖြင့် အလင်းရောင်နှင့် လေကောင်းလေသန့် ကောင်းစွာရရှိစေတာကို ‌‌တွေ့နိုင်ပါတယ်။ ၁၆ရာစုမှာ စစ်ပွဲတွေကြောင့် ထိခိုက်ခံခဲ့ရသော်လည်း Doge's Palace၏ အပြင်ပိုင်းဟာ Gothic ဟန်ဖြင့် ကျန်ရှိခဲ့ပြီး အတွင်းပိုင်းကတော့ ပြန်လည်မွမ်းမံမှု‌များဖြင့် Renaissance စတိုင်သို့ ပြောင်းလဲသွားပါတယ်။Doge's Palaceသည် ဗင်းနစ်မြို့ရဲ့အုပ်ချုပ်သူတွေ နေထိုင်ဖို့အတွက်သာ မဟုတ်ဘဲ ၎င်းအုပ်ချုပ်သူတို့၏ အစည်းအဝေးများနှင့် တရားစီရင်ခြင်းများ ပြုလုပ်သည့်နေရာလည်း ဖြစ်ခဲ့ပါတယ်။ ထို့ကြောင့် Doge's Palaceသည် ဗင်းနစ်မြို့ရဲ့ အထင်ကရ သင်္ကေတတစ်ခုအဖြစ် ယနေ့အချိန်ထိ အဓွန့်ရှည်စွာ တည်ရှိနေရခြင်းဖြစ်သည်။

ree

Comments


bottom of page