top of page

ARCHITECTURE QUIZ

  • Writer: AAS-YTU
    AAS-YTU
  • Jun 25, 2020
  • 1 min read

Temple of Heaven


တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာရှိတဲ့ Temple of Heavenဟာ ၁၅ရာစုက ဘုရင် Cheng Zuလက်ထက်မှာ တည်ဆောက်ခဲ့တဲ့ ဘာသာရေးအဆောက်အအုံတစ်ခုပဲ ဖြစ်ပါတယ်။ Temple of Heaven ဟာ တရုတ်နိုင်ငံရဲ့ ရိုးရာဓလေ့ပွဲတော်များ ကျင်းပရာ အရေးပါတဲ့ အထင်ကရနေရာတစ်ခုလည်း ဖြစ်ပါတယ်။ သီးနှံအထွက်ကောင်းဖို့ နှစ်စဉ် ဆုတောင်းပြုပွဲတွေလုပ်ခဲ့တဲ့နေရာလည်း ဖြစ်ပြီး Temple of Heavenသည် တရုတ်ဗိသုကာလက်ရာတွေထဲက အပြောင်မြောက်ဆုံးတစ်ခုဖြစ်ပြီး သစ်သားဖြင့်ဆောက်လုပ်တဲ့ ရိုးရာနည်းပညာ‌တွေနဲ့ အရောင်စုံလင်လှတဲ့ တန်ဆာဆင်မှုတွေနဲ့ ပေါင်းစပ်ထားတာကို တွေ့ရပါတယ်။


Temple of Heavenရဲ့ ဝတ်ပြုခန်းမဟာ အဝိုင်းပုံသဏ္ဌာန် အမိုးသုံးဆင့်ရှိပြီး 125ပေမြင့်ပါတယ်။ အောက်ခြေမှာလည်း marbleကျောက်တွေဖြင့် ပြုလုပ်ထားတဲ့ အဆင့်သုံးဆင့်ပါတဲ့ စက်ဝိုင်းပုံသဏ္ဌာန် ပလ္လင်သုံးဆင့်ရှိပါတယ်။တရုတ်ရိုးရာ စကြာဝဠာဗေဒမှာ စက်ဝိုင်းက ကောင်းကင်ဘုံကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ ကျွန်းသစ်‌များနှင့် တည်ဆောက်ထားတဲ့ Temple of Heaven တွင် သစ်သားအစိတ်အပိုင်းတိုင်းကို ဆေးရောင်‌များသုတ်လိမ်းပြီး အရောင်အသွေးစုံလင်စွာ ခြယ်လှယ်ထားတာကို တွေ့နိုင်ပါတယ်။ 1889ခုနှစ်မှာ မိုးကြိုးပစ်ခံရပြီး မီးလောင်ပျက်ဆီးသွားသော်လည်း Temple of Heaven ကို မူလလက်ရာအတိုင်း ပြန်လည်တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

ree

Comments


bottom of page