Morning Pieces
- AAS-YTU

- Apr 26, 2020
- 1 min read
ဒီမနက် Morning Piece မှာတော့ Architectural Term လေးတစ်ခုနှင့် မိတ်ဆက်ပေးချင်ပါတယ်။ အားလုံးသိပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်၊ 'Riser' ပါ။
အရင်တစ်ပါတ် Fun with Quiz အစီအစဉ်မှာ Architectural Term နှင့်ပတ်သက်တဲ့ Quiz လေးတစ်ခု မေးခဲ့ပါတယ်။
လှေကားရဲ့ အပိုင်းလေးတစ်ခုကို မြားထိုးထားတဲ့ ပုံပေးထားပြီး 'What is this part of a staircase called?' လို့ မေးထားပါတယ်။
ရွေးရလွယ်အောင် Choice တွေကို
(A) Leg (B) Going (C) Rest (D) Riser လို့ ပေးလိုက်ပါတယ်။
လှေကားမှာ အနင်း နဲ့ အကျော် ဆိုတာ ရှိပါတယ်။ 'အနင်း' ကို 'Tread' လို့ ခေါ်ပြီးတော့ 'အကျော်' ကို 'Riser' လို့ခေါ်ပါတယ်။ (တကယ်ဆို Choice ထဲမှာ Tread ဆိုတာလေး ထည့်လိုက်ဖို့ကောင်းပေမယ့် ရွေးရလွယ်အောင် မထည့်ဘဲ ချန်ခဲ့လိုက်ပါတယ်။ )
မြန်မာအယူအဆအရ ကိုးနင်းကိုးကျော်ဆိုတဲ့ စနစ်ရှိသော်ငြားလည်း User comfort အတွက် သင့်လျော်မယ့် Riser height ကိုတွက်ချက်နိုင်ဖို့ 2(R)+T~25 (unit in inches)
ဆိုတဲ့ Formula ကိုအသုံးပြုကြပါတယ်။
ဒီဘက်ခေတ် လှေကားတွေမှာ Riserတောင် မပါတော့ပါဘူး။ ဒီလိုလှေကားမျိုးတွေက ခေတ်ရှေ့ပြေးတဲ့ ပုံစံပေါက်ပြီး လှပဆန်းသစ်ပါတယ်။ နောက်ပိုင်းမှာ မြင်ရဖို့ သိပ်မရှိတော့တာကြောင့် ဒီ Term လေးကို Quiz အနေနှင့် မေးလိုက်ရတာပါ။




Comments