Morning Pieces
- AAS-YTU

- Apr 24, 2020
- 1 min read
ဒီနေ့ Morning Piece မှာဖတ်ရှုရမှာကတော့ Five Points of a New Architecture အကြောင်းပဲဖြစ်ပါတယ်။
————————————————————-
Which architect formulated 'Five Points of a New Architecture' ?
Ans : Le Corbusier
၂၀ရာစုခေတ် မော်ဒန်ဗိသုကာကို ဦးဆောင်ခဲ့တဲ့သူတွေထဲမှာ Le Corbusier လည်း ပါဝင်ခဲ့ပါတယ်။ ၁၉၂၇ခုနှစ် မှာ Le Corbusier ဟာ 'Five Points of a New Architecture' ကို ချပြခဲ့ပြီး ဒီအချက် (၅)ချက်နဲ့ညီရင် မော်ဒန်ဗိသုကာလို့ ခေါ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ပြင်သစ်မှာရှိတဲ့ Villa Savoye မှာ ဒီအချက်တွေ သုံးထားတာကို တွေ့နိုင်ပါတယ်။ Le Corbusierရဲ့ Five points of Architectureတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ Pilotis
ပထမဆုံး အချက်အနေနဲ့ Pilotis လို့ခေါ်တဲ့ အဆောက်အဦးကို supportပေးတဲ့ column တွေနဲ့ buildingတစ်ခုလုံးကို မြေပြင်ကနေ မြှင့်ထားပေးတာပါ။ အဲလိုလုပ်ခြင်းအားဖြင့် အဆောက်အအုံရဲ့အောက်က မြေကွက်လပ်ဟာ ကားသွားနိုင်ခြင်း၊ ကားပါကင်ထိုးနိုင်ခြင်း၊၊ ဥယျာဉ်စိုက်ပျိုးနိုင်ခြင်း အစရှိတာတွေအတွက် အသုံးပြုလို့ ရသွားပါတယ်။
၂။ Free Plan
ဒါကတော့ floor planကို လွပ်လပ်စွာ စီစဉ်နိုင်တာပါ။ အဆောက်အဦးရဲ့ structure က floor planပေါ် မမူတည်တော့တဲ့အတွက် ဗိသုကာတစ်ယောက်အနေနဲ့ အတွင်းပိုင်းဒီဇိုင်းကို စိတ်ကြိုက်ဖန်တီးနိုင်ခြင်းဖြစ်ပါတယ်။
၃။ Free Façade
အဆောက်အဦးရဲ့ နံရံတွေဟာ non-load bearing ဖြစ်တဲ့အတွက် free floor plan ကဲ့သို့ facade ကိုလည်း လွတ်လပ်စွာ ဒီဇိုင်းပြုလုပ်နိုင်ခြင်းဖြစ်ပါတယ်။
၄။ Horizontal Windows
Le Corbusier ရဲ့ဒီဇိုင်းတွေမှာ ထင်ရှားတဲ့အချက်တစ်ခုကတော့ ရေပြင်ညီ ပြတင်းပေါက်အရှည်ကြီးတွေ ဖြစ်ပါတယ်။ သူ့ရဲ့အကျိုးကျေးဇူးကတော့ အလင်းရောင်ကောင်းစွာရရြှိခင်း၊ လေကောင်းလေသန့်ကောင်းစွာရရြှိခင်း၊ ကောင်းမွန်တဲ့ မြင်ကွင်းရရြှိခင်း၊ အတွင်းနဲ့ အပြင်ကို ကောင်းစွာဆက်စပ်ပေးနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
၅။ Roof Garden
နောက်ဆုံးတစ်ချက်ကတော့ roof garden ဖြစ်ပါတယ်။ ဤနည်းအားဖြင့် အဆောက်အဦးရဲ့ ကွန်ကရစ်အမိုးကို ရာသီဥတုဒဏ်ကနေ ကာကွယ်ပေးသည့်အပြင် ပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေဖြစ်စေပါတယ်။ ထို့ကြောင့် green buildingတွေဟာ ယနေ့ခေတ်မှာ လူအပြောများပြီး ခေတ်စားလာရခြင်းဖြစ်တယ်။




Comments