top of page

Modern ခေတ်မှာ Sketching ကအရေးကြီးသေးသလား

  • Writer: AAS-YTU
    AAS-YTU
  • Mar 13, 2020
  • 1 min read

Students’ Pieces | Week 6

—————————————————————

Modern ခေတ်မှာ Sketching ကအရေးကြီးသေးသလား


အာခီတက်ခ်ချာဆိုတာ art, science, technology သုံးခု ပေါင်းထားတဲ့ ဘာသာတစ်ခုဖြစ်တာကြောင့် Sketching က အဓိက အရေးပါတဲ့ အရာတစ်ခု လို့ပြောလို့ရပါတယ်။ သို့ပေမယ့် ဒီနောက်ပိုင်းမှာနည်းပညာတွေ တိုးတက်လာတဲ့ အတွက် Architecture ကိုစလေ့လာမယ့်သူတွေ တော်တော် များများက Sketching ထက် Advanced Technology သုံးထားတဲ့ AutoCAD တို့လို Application တွေကို ဦးစားပေးလေ့လာနေတာတွေ ကိုတွေ့လာရပါတယ်။ ဒါဆိုရင် သူများတွေ ထင်တဲ့ အတိုင်း Sketching က အရေးမကြီးတော့ဘူးလား?


ree

ကျွန်တော်တို့ Project တစ်ခု ကို လက်ခံတဲ့ အခါ မြေအနေအထား၊ Client ရဲ့ ဆန္ဒအပေါ် မူတည်ပြီး ဒီဇိုင်းကို စဥ်းစားရပါတယ်။ ဒီဇိုင်းကို စဥ်းစားမိပြီဆိုရင် တစ်နည်းနည်းနဲ့ ချက်ချင်းမှတ်ထားရပါတယ်။ မဟုတ်ရင် ခဏနေလောက်ကျ ဘာဆိုဘာမှ အစကောက်လို့ မရတော့ပါဘူး။ အဲ့လိုမျိုးမှတ်တဲ့ နေရာမှာလည်း idea ထွက်တာနဲ့ ဘယ်သူမှ AutoCAD ကြီးဖွင့်ပြီးတစ်ခါ တည်း အချောမဆွဲပါဘူး။ နီးစပ်ရာ စာရွက်တစ်ရွက်နဲ့ ခဲတံ တစ်ချောင်းကိုင်ပြီး idea အကြမ်းထည်လေးတွေကို sketch ခြစ်ကြည့် idea ကနေမှ ဆင့်ပွါးဖြစ်လာတဲ့ form အနေအထား သဘောတရားတွေကို ပီပီသသခံစားမိအောင် perspective drawing တွေကို ဆွဲကြည့်ပြီး space တွေရဲ့ အနေအထား သဘောတရားတွေကို သိရှိနိုင်အောငါ section ဖြတ်ကြည့်ရင်း အဲ့ Sketch လေးတွေပေါ်မူတည်ပြီး Computer နဲ့ဆွဲရင်း နောက်ဆုံးမှာ သေသပ်လှပတဲ့ ဒီဇိုင်းတွေထွက်လာတာပါ။ တစ်ခါတစ်လေ ကိုယ်ထည့်ထားတဲ့ အသေးစိတ်ကလေးတွေကို ကိုယ်တိုင်မြင်နိုင်ပေမယ့် သူများကို present လုပ်တဲ့အခါမှာဆို အဲ့လို အချိန်တွေမှာ ကိုယ်လက်နဲ့ဆွဲထားတဲ့ sketch တချို့ကိုပါ ထည့်သွင်းဖော်ပြတော့ ပိုပြီးဝေဝေဆာဆာ ဖြစ်တာပေါ့ဗျာ။


ree

နောက်ပြီးလူဆိုတာ လက်မှုပညာကို တန်ဖိုးထားကြတဲ့ အမျိုးဆိုတော့ကား ကိုယ့် Sketch ကိုမြင်သွားပြီး ကိုယ့်လက်ရာက သာ သေသပ်နေမယ်ဆိုရင် Impression တစ်ခုကိုရမှာအသေချာပဲဖြစ်ပါတယ်xD။ ဒါက ကြုံတုန်း ပြောလိုက်တာပါ။ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် ကြီးကျယ်ခမ်းနားတဲ့ Design ဆိုတာ ကိုယ်ရတဲ့ idea နဲ့ concept တစ်ခုကို မူတည်ရပြီး Sketchခြစ်ရင်းနဲ့ ဖြစ်လာတာပါ။ ဒါကြောင့်မို့ ကျောင်းတွေမှာ Basic Drawing ကို အချိန် အတိုင်းအတာ တစ်ခုထိသင်ပြီး Sketching ကျွမ်းအောင်လေ့ကျင့်ပေးနေကြတာပါ။


ree

နိဂုံးချုပ်အနေနဲ့ မော်ဒန်ခေတ်ကြီးမှာ Advanced Engineering Software တွေက ပိုအလုပ်ပြီးတာလည်းဖြစ်သလို Sketching ကလည်း အရေးကြီးဆဲပဲလို့ ပြောချင်ပါတယ်။ နောက်အပါတ်တွေမှာလည်း မတူညီတဲ့ ခေါင်းစဥ်တွေကို ရှုထောင့်ပေါင်းစုံကနေ ဆွေး‌နွေးသွားမှာဖြစ်ပါတယ်။ Fun Fact ; Paris မှာ ရှိတဲ့ Louis Vuitton Foundation အဆောက်အဦးဒီဇိုင်းဆိုတာက Frank Gehry ရဲ့ Abstract ဆန်ဆန် sketch ကနေ ဖြစ်လာခဲ့တာပါတဲ့။ ကိုလင်းအောင်ပြည့် (ဗိသုကာ၊ပထမနှစ်) Reference : www.streamlinearchitects.com Photo source : www.streamlinearchitects.com www.google.com

Comments


bottom of page