ARCHITECTURE QUIZ
- AAS-YTU

- May 7, 2020
- 1 min read
ဒီမနက်မှာလည်း Fun with Quiz Week 3 ထဲက Quizတစ်ခုကို ရှင်းပြသွားမှာပါ။
မေးခွန်းကတော့
'Due to the dependence on basic roman forms, the architectural style used in ( ) around 1000 is called Romanesque architecture.
A. Eastern Europe
B. Western Europe
C. Southern Europe' ဖြစ်ပါတယ်။
အဖြေမှန်ကတော့ 'B. Western Europe' ဖြစ်ပါတယ်။
ရောမဗိသုကာဟန်ဟာ နောင်ပေါ်လာတဲ့ ဗိသုကာဟန်များအပေါ် ရာစုနှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့ပါတယ်။ Romansque architecture ဟာ၎င်းတို့ထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Romansque architecture ဟာ ၆ရာစုမှ ၁၁ရာစုအထိ ဥရောပတစ်ခွင်၊ အထူးသဖြင့် အနောက်ဥရောပနိုင်ငံတွေမှာ ထွန်းကားခဲ့တဲ့ ဗိသုကာဟန်တစ်မျိုးပါ။ Romansque architecture မှာ Roman architectureနှင့် Byzantine architectureတို့ရဲ့ အငွေ့အသက်တွေဖြစ်တဲ့ ဧရာမနံရံကြီးတွေ၊ ခပ်ဝိုင်းဝိုင်းအကွေးအခုံးတွေကို တွေ့နိုင်ပါတယ်။ ဆိုခဲ့တဲ့ ကာလအပိုင်းအခြားအတွင်း အနောက်ဥရောပနိုင်ငံတွေမှာ ရဲတိုက်တွေ၊ အထူးသဖြင့် Abbey Chruch တွေ၊ Cathedralတွေကို Romansque architectural styleနှင့် တည်ဆောက်ခဲ့ပါတယ်။ Italyနိုင်ငံမှ Pisa Cathedralဟာ Romansque architectural styleရဲ့ ထင်ရှားတဲ့ ဥပမာတစ်ခုပါ။ 12ရာစုအရောက်မှာတော့ Romansque architectureဟာ Gothic architectureအဖြစ် အသွင်ပြောင်းလာခဲ့ပါတော့တယ်။




Comments