top of page

ARCHITECTURE QUIZ

  • Writer: AAS-YTU
    AAS-YTU
  • Apr 28, 2020
  • 1 min read

ဒီမနက် ရဲ့ Piece လေးမှာ ပုဂံခေတ်ဂူဘုရားတို့ရဲ့ Plan (ပန္နက်ဖွဲ့စည်းပုံ) အချို့ကို မြန်မာမှုဗိသုကာ အသုံးအနှုန်းတို့နဲ့ တွဲဖက် ဖတ်ရှုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။


—————————————————————


Choose the plan of a Bagan Temple with vestibule, entrance hall, adjacent to central shrine with inner corridor.


A. Fig (A)

B. Fig (B)


Ans: (A)


Fig (A) က ဂူဘုရား၏ Plan (ပန္နက်ဖွဲ့စည်းမှုပုံစံ) ဟုဆိုရင် Porch (အဝင်မုခ်ဆောင်) Vestibule (အာရုံခံ) Entrance hall (ရှေ့ဆောင်ခန်းမကြီး) တို့ကို Adjacent space (ဘေးချင်းကပ်လျက်စီထားသောပုံစံ) မျိုးဖြင့် Central Shrine (အလယ်ဂန္ဓကုဋိတိုက်)ဖြင့်ဖွဲ့စည်းထားသည့်အပြင် အတွင်းင်္စကြံပတ်လမ်းပါပါရှိသည်ကိုတွေ့နိုင်သည်။


ပုဂံခေတ်ဂူဘူရားများ၏ plan (ပန္နက်ဖွဲ့စည်းမှုပုံစံများ) ကို Approach to Central Shrine ( အလယ်ကန္ဓကုဋိတိုက်အတွင်းသို့ ဝင်ရောက်မှုပုံစံ) တို့ဖြင့်သုံးသပ်ကြည့်လျှင်ယေဘုယျအားဖြင့်


၁။ Central Shrine (အလယ်ဂန္ဓကုဋိတိုက်) အတွင်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြင်း

(Plan-A တွင်ကြည့်ရန်။)


၂။ Entrance Hall (ရှေ့ဆောင်ခန်းမကြီး) ကိုဖြတ်ကာ Central Shrine ( အလယ်ဂန္ဓကုဋိတိုက်) အတွင်းသို့ ဝင်ရောက်နိုင်ခြင်း

(Plan-Bတွင်ကြည့်ရန်။)


ဟူ၍ (၂)မျိုးရှိပေသည်။ ထို့အတူ ပုဂံခေတ်ဂူဘုရားတို့၏ Plan (ပန္နက်ဖွဲ့စည်းပုံ) ကို သုံးသပ်ရာတွင် Solid Core at the Central Shrine (ဂန္ဓကုဋိတိုက်တွင် အလယ်မဏ္ဍိုင်ပါရှိခြင်း / မပါရှိခြင်း) စသည်ဖြင့် အခြားသောရှူထောင့်အမြင်အမျိုးမျိုးတို့ဖြင့်လည်းသုံးသပ်နိုင်သည်။

ree

Comments


bottom of page