ARCHITECTURE QUIZ
- AAS-YTU

- May 6, 2020
- 1 min read
Fun with Quiz Week 3 မှာ
'Roman architecture is classified as ( ) after 4th century AD.
A. Byzantine architecture
B. Baroque architecture' ဆိုတဲ့ Quizကိုထည့်မေးခဲ့ပါတယ်။ အဖြေမှန်ကတော့ 'A'ပါ။
ဒီမနက် Morning Piece မှာတော့ အဲ့ဒီQuizကို ရှင်းပြသွားမှာပါ။
ရောမဗိသုကာဟန်ဟာ Roman Republic ကို စတင်တည်ထောင်ခဲ့တဲ့ 509 BCမှ 4th Century AD ဝန်းကျင်အထိ ထွန်းကားခဲ့ပြီး 4th Century AD နောက်ပိုင်းမှာတော့ Roman architecture ဟာ Byzantine architecture အဖြစ်ထင်ရှားလာပါတယ်။ ရောမဧကရာဇ် Constantine ဟာ Byzantium မြို့တွင်အခြေစိုက်ခဲ့ပြီး မြို့တော်ရဲ့ နာမည်ကို 'Constantinople' (ယနေ့အခေါ် Istanbul)အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ကာ Byzantine Empire (တစ်နည်းဆိုသော် အရှေ့ရောမအင်ပါယာ) ကို 306 AD ဝန်းကျင်မှာ တည်ထောင်ခဲ့ပါတယ်။ Byzantine Empire ကိုတည်ထောင်ပြီးနောက်နှစ်အတန်ကြာလာတဲ့အခါ Roman architecture ကို Byzantine architecture လို့သတ်မှတ်ခဲ့ပါတယ်။ Byzantine Era အတွင်း ခရစ်ယာန်ကိုးကွယ်မှုထွန်းကားလာတဲ့အတွက် Byzantine architectureကို ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာတွေ့နိုင်ပါတယ်။ ဘုရားကျောင်းတော်တော်များများရဲ့အလယ်မှာ နေရာလွတ်ကျန်ဖို့၊ ကျက်သရေနှင့် အလင်းရောင်ကိုဆောင်ကြဉ်းဖို့ အလွန်မြင့်မားတဲ့ နံရံကြီးများနှင့် လိပ်ခုံးသဏ္ဌန် အမိုးများကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါတယ်။ ဘုရားရှိခိုးကျောင်းများရဲ့ အတွင်းပိုင်းကို မှန်စီရွှေချပြီး အလှဆင်ထားခြင်းဟာလည်း Byzantine architectureကို လူသိများစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ Byzantine architectureဟာ အလယ်ခေတ် ဗိသုကာဟန်အပေါ် လွှမ်းမိုးမှုရှိခဲ့ပြီး Renaissance architectural traditions ရဲ့အစလည်းဖြစ်ပါတယ်။




Comments