top of page

ARCHITECTURE QUIZ

  • Writer: AAS-YTU
    AAS-YTU
  • May 5, 2020
  • 1 min read

ဒီမနက်Morning Pieceမှာတော့ ရောမခေတ်ဗိသုကာဟန်ကို အကျဉ်းချုံးပြောပြချင်ပါတယ်။


➖➖➖➖➖➖➖➖➖➖➖➖➖


ရှေးခေတ်ရောမလူမျိုးတွေဟာ ဂရိ ဗိသုကာဟန်ကို အခြေတည်ပြီး ရောမခေတ် ဗိသုကာဟန်ကို ဖော်ဆောင်ခဲ့ပါတယ်။ တူမယောင်ယောင် ရှိပေမဲ့ မတူပါဘူး။ ရောမလူမျိုးတွေဟာ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းအသစ်၊ နည်းပညာအသစ်တွေကို အသုံးပြုပြီး ရောမခေတ် ဗိသုကာဟန်ကို ဆန်းသစ်စေခဲ့ပါတယ်။ အစပိုင်းမှာ ရောမလူမျိုးတွေဟာ ဂရိဗိသုကာဟန်မှာ ထင်ရှားခဲ့တဲ့ ထုပ်တန်း၊တိုင်လုံးတွေကို အသုံးပြုပြီး အဆောက်အအုံတွေကို တည်ဆောက်‌ခဲ့ပေမယ့် ကာလတစ်ခုကြာမြင့်လာတဲ့အခုမှာ၄င်းတို့အစား ဧရာမနံရံတွေ၊ အခုံးတွေ၊ စက်လုံးသဏ္ဌန် လိပ်ခုံးအမိုးတွေ ကိုသုံးပြီး အဆောက်အအုံတွေကို တည်ဆောက်လာခဲ့ပါတယ်။ နှစ်မျိုးစလုံးဟာ (အခုံးများ၊ လိပ်ခုံးအမိုးများ) ရောမခေတ်မှာ စတင်ထင်ရှားလာပြီး နောက်ပိုင်းမှာ အသုံးတွင်ကျယ်လာခဲ့ပါတယ်။ ခိုင်ခံ့တဲ့ ဗိသုကာဟန်ကြောင့် ရောမအင်ပါယာမှ အဆောက်အအုံတစ်ချို့ကို ယနေ့အထိတွေ့နိုင်ပါသေးတယ်။


Comments


bottom of page