ARCHITECTURE QUIZ
- AAS-YTU

- May 2, 2020
- 1 min read
ဒီနေ့မနက်မှာတော့ Traditional Arabic Architectural element တစ်ခုဖြစ်တဲ့ Mashrabiya အကြောင်းကိုဖော်ပြပေးမှာဖြစ်ပါတယ်။
————————————————————-
Which element is this in traditional Arabic architecture?
A. Minaret
B. Mashrabiya
C. Dome
D. Muqarnas
Ans: B. Mashrabiya
Mashrabiya ဆိုသည်မှာ Traditional Arabic Architecture ၏ element တစ်ခုပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အရှေ့ဘက်သို့ ဝရန်တာသဖွယ်ထိုးထွက်နေသော လေဝင်ပါက်များပါရှိသည့် အလုံပိတ်ဇာပြတင်းပေါက်ကြီးတစ်မျိုးဖြစ်သည်။ Islamic အမွေအနှစ်တစ်ခုဖြစ်သည့်အပြင် building architecture အရ သဘာဝအလင်းရောင်၊နေရောင်ဝင်ရောက်မှု၊ လေဖြတ်သန်းစီးဆင်းနိုင်မှု အစရှိသည့် ရာသီဥတုတုံ့ပြန်မှုတို့ကို ဖြေရှင်းပေးနိုင်သည့် Element တစ်မျိုးလည်းဖြစ်သည့်အပြင် Privacy အရပါအသုံးပြုနိုင်သည်။
Exterior နှင့် Interior Space တို့ဆက်စပ်ပေးသည့် Intermediate space တွင်အသုံးပြုသည့် Element တစ်မျိုးဖြစ်သည့်အပြင် Interior Environment ၏ သောဘနရသ (Aesthetics) အတွက်ပါအသုံးပြုကြသည်။ Mashrabiya ကို အေဒီ ၁၂ရာစုအစောပိုင်းလောက်ကပင် ဘဂ္ဂဒက်နှင့် အာရပ်ဒေသများတွင် စတင်အသုံးပြုကြသည်ဟုဆိုကြသည်။ ထိုခေတ်အခါက သောက်သုံးရေများအေးမြစေရန် သစ်သားအဖီထုတ်ကာ လေစီးဆင်းစေခြင်းဖြင့်သိုလှောင်ထားသော နေရာတစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်းကာလများတွင်မူ Mashrabiya ၏အသုံးမှာ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပေသည်။




Comments