ARCHITECTURE QUIZ
- AAS-YTU

- May 1, 2020
- 1 min read
ဒီနေ့ Morning Piece မှာတော့ Taj Mahal ရဲ့ Architecture Style အကြောင်းကိုဖတ်ရှုပေးကြပါဦး။
————————————————————-
Which can be said as one good example of Mughal Architecture?
A. Taj Mahal
B. Maha Bhodi
C. Angkor Wat
D. Wat Arun
A. Taj Mahal
Mughal Architecture ဆိုသည်မှာ ၁၆ရာစုမှ ၁၈ရာစုအတွင်း Mughal အင်ပါယာလွှမ်းမိုးမှုအောက်တွင် Northern and Central India တို့၌ ထင်ရှားခဲ့သော ဗိသုကာဟန်တစ်မျိုးဖြစ်သည်။ အဆောက်ဦးထုထည်ပုံစံနှင့် သဏ္ဌာန်တို့မှာ ခေါက်ချိုးညီကြပြီး ပါရှား၊ တူရကီနှင့် အိန္ဒိယဗိသုကာဟန်တို့၏ သုံးမျိုးပေါင်းစပ်ထားသည့် ဗိသုကာဟန်အသစ်တစ်မျိုးလည်းဖြစ်ခဲ့သည်။ ယေဘုယျအားဖြင့်ပြောရသော် Mughal architecture ၏ Characteristic အချို့တို့မှာ
1. Iwan ဟုခေါ်သည့် Arched Entrance
2. လေးဖက်လေးတန်ထောင့်တို့တွင် Minaret ဟုခေါ်သည့် Column တိုင်များ
3. Arch များ
4. Dome များ
5. Symmetric façades
6. Garden, Pool နှင့် Fountain များ
7. Iwan ၏ vaulted ceiling များတွင်အထူးသဖြင့်တွေ့ရသော muqarnas ဟုခေါ်သည့် Decorative Ornaments များ
8. အရောင်အသုံးပြုမှုများနှင့်
9. Calligraphy အသုံးပြုမှုတို့ဖြစ်ကြပါသည်။
အထက်ဖော်ပြပါ အကြောင်းအရာတို့ဖြင့် အချိုးကျကျ Design ရေးဆွဲဆောက်လုပ်ထားသည့် Mughal ဗိသုကာလက်ရာတစ်ခုကို ပြရမည်ဆိုပါလျှင် Taj Mahal သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟုဆိုနိုင်ပေသည်။




Comments