top of page

ARCHITECTURE QUIZ

  • Writer: AAS-YTU
    AAS-YTU
  • Jun 25, 2020
  • 1 min read

Alhambra


စပိန်နိုင်ငံ၊ ဂရန်နာဒါမြို့ရဲ့ တောင်ကုန်းပေါ်မှာတည်ရှိတဲ့ Alhambra နန်းတော်ဟာ ၁၃ရာစုနဲ့ ၁၄ရာစုအတွင်းက တည်ဆောက်ခဲ့တဲ့ နန်းတော်တစ်ခု ဖြစ်ပါတယ်။ စပိန်နိုင်ငံတောင်ပိုင်းကို အုပ်ချုပ်ခဲ့တဲ့ နာစရစ်မင်းဆက်လက်ထက် မူစလင်စော်ဘွားတွေက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က နိုင်ငံရဲ့မြောက်ပိုင်းက ခရစ်ယာန်အုပ်ချုပ်သူတွေ အင်အားကြီးထွားနေချိန် တောင်ပိုင်းကို တဖြည်းဖြည်း နယ်မြေချဲ့ထွင်လာကြပါတယ်။ ထို့ကြောင့် မူစလင်တို့အနေဖြင့် ခံတပ်တစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ လိုအပ်လာပါတယ်။ Alhambraကို စတင်တည်ဆောက်စဉ်က အလုပ်သမားအိမ်ယာများ၊ အလုပ်ရုံများ၊ ဒဂ်ါးသွန်းစက်ရုံများ၊ ဗလီကျောင်းများ စသည်ဖြင့် Alhambra ဟာ အလွန်ခိုင်မာတဲ့ ခံတပ်တစ်ခုသဖွယ် ဖြစ်ခဲ့ပါတယ်။ ၎င်းတို့အထဲမှ အများစုဟာ ပျက်ဆီးပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း ကျန်ရှိနေသေးတဲ့ အဆောက်အအုံများကိုကြည့်ခြင်းအားဖြင့် ကြွယ်ဝစွာတန်ဆာဆင်ထားမှုများ၊ အသေးစိတ်မွမ်းမံမှုများကို တွေ့နိုင်ပါတယ်။


ထုထည်ကြီးမားလှတဲ့ တာဝါတွေကို အဝေးကနေမြင်နိုင်ပြီး Alhambraရဲ့နံရံကြီးတွေမှ အပေါ်သို့ထိုးထွက်နေပါတယ်။ ဒါ့အပြင် Alhambra ရဲ့အတွင်းပိုင်းမှာရှိတဲ့ ပြောင်မြောက်စွာတန်ဆာဆင်ထားတဲ့ columnတိုင်များ၊ မျက်နှာကြက်များ၊ တံခါးပေါက်များ စသည်တို့ကို တွေ့နိုင်ပါတယ်။ ထို့ပြင် အခန်းတစ်ခုဆီကို ဆက်သွယ်ထားတဲ့လျှောက်လှမ်းတွေမှာ‌ ဥယျာဉ်များ၊ ရေကန်များ၊ ရေပန်းများဖြင့် comfortဖြစ်အောင် ပြုလုပ်ထားပါတယ်။ ထိုကဲ့သို့ Alhambraရဲ့ အသေးစိတ်ဖန်တီးထားတဲ့ လက်ရာများကိုကြည့်ခြင်းအားဖြင့် ထိုခေတ်က လက်မှုပညာသည်တို့ရဲ့ တီထွင်ဖန်တီးမှုများကိုတွေ့နိုင်သလို ဗိသုကာအဆင့်အတန်းကိုလည်း မှန်းဆနိုင်ပေသည်။


ree


Comments


bottom of page