top of page

ARCHITECTURE QUIZ

  • Writer: AAS-YTU
    AAS-YTU
  • Jun 15, 2020
  • 1 min read

Temple of the Inscriptions


မက္ကဆီကိုနိုင်ငံ အပူပိုင်းမိုးသစ်တောထဲမှာ မည်သူမျှမသိရှိဘဲ ကြာရှည်စွာတည်ရှိနေခဲ့တဲ့ Temple of the Inscriptions ဟာဆိုရင် ရှေးခေတ် Classical ဗိသုကာလက်ရာထဲက အံ့ဖွယ် ဘာသာရေးအဆောက်အအုံတစ်ခုပဲ ဖြစ်ပါတယ်။ Temple of the Inscriptionsသည် မတ်စောက်တဲ့ ပိရမစ်ပုံသဏ္ဌာန်ရှိပြီး 68ပေထိ မြင့်ကာ ထိပ်ဆုံးမှာ‌တော့ ဝင်ပေါက် ငါးခုပါသည့် ဘုရားကျောင်းတစ်ခု ရှိပါတယ်။ ပိရမစ်သည် အဆင့်ကိုးဆင့်ရှိပြီး အလယ်မှာ Temple ဆီကို ဆက်သွယ်ပေးထားတဲ့ လှေကားထစ်များ ရှိပါတယ်။ မြင့်မားတဲ့ ပိရစ်မစ်ပုံစံကိုကြည့်ခြင်းအားဖြင့် ဆောက်လုပ်သူတွေဟာ Templeကို အဝေးကနေ မြင်နိုင်အောင် ဖန်တီးခဲ့ခြင်းဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။


အေဒီ ၇ရာစုက တည်ဆောက်ခဲ့တဲ့ ဤTempleရဲ့ထူးခြားချက်က အပြင်ပိုင်းတွင်သာမက အတွင်းပိုင်းမှာပါ ရှိနေပါတယ်။ အဲတာကတော့၎င်းရဲ့အတွင်းပိုင်းက King K'inich Janaab' Pakal ရဲ့ အုတ်ဂူခေါင်းတလားပဲ ဖြစ်ပါတယ်။ ခေါင်းတလားရဲ့အဖုံးသည် ကျောက်ဆစ်လက်ရာများဖြင့် ခမ်းနားထည်ဝါစွာ ခြယ်လှယ်ထားတာကို တွေ့ရပြီး သချိုင်္င်းဂူထဲမှာလည်း ရှေးလူ့အသုံးအဆောင်များနှင့် ကျောက်မျက်ရတနာများစွာကို တွေ့နိုင်ပါတယ်။ ပိရမစ်နဲ့ ဘုရားကျောင်းဟာ မူလက မွမ်းမံခြယ်လှယ်မှုများကို မတွေ့ရတော့သော်လည်း ထိုခေတ်အခါက ထင်ရှားတဲ့အဆောက်အအုံတစ်ခု ဖြစ်ခဲ့မည်မှာ အသေအချာပဲ ဖြစ်ပါတယ်။

ree

Comments


bottom of page