ARCHITECTURE QUIZ
- AAS-YTU

- Jun 15, 2020
- 1 min read
Faculty of Architecture and Studio Culture
ဗိသုကာမဟာဌာန၏ ဌာနခွဲများအားလုံးနီးပါးသည် ဒီဇိုင်းပညာရေး ( Design Education) ကိုဦးတည်သော သင်ကြားမှုဖြစ်သောကြောင့် များသောအားဖြင့် Studio သင်ကြားရေးစနစ် (Studio based Education) သို့မဟုတ် (Lab based Education) ကိုအခြေခံကာ သင်ယူကြရသည်။
Studio or Lab တစ်ခုတွင် ကျောင်းသား၊ကျောင်းသူများ၏ Design Project များ၊ Research Project များတွင် သက်ဆိုင်ရာနယ်ပယ်များတွင် ကျွမ်းကျင်သော၊ လက်တွေ့လေ့ကျင့်လုပ်ဆောင်နေကြသော Tutor များ၊ Professor များ၏ လမ်းညွှန်မှုဖြင့် စာသင်နှစ်ကာလပတ်လုံး လက်တွေ့လေ့ကျင့်ကာ ဆွေးနွေးသင်ယူကြရသည်။
ထို့အပြင် Studio Subject များသည် အဓိကဘာသာရပ် (Core Subject) တစ်ခုလည်းဖြစ်သည့်အလျောက် အခြားသင်ယူလေ့လာခဲ့ရသော ဘာသာရပ်များမှ အသိပညာတို့ကို ပြန်လည် အသုံးချရန် လိုအပ်သည့်အပြင် အမှတ်အကဲဖြတ်မှုပုံစံမှာလည်း ကွဲပြားသည်။
Studio Subject များသည် အခြားသော ဘာသာရပ်များထက် ၇ဆ သို့မဟုတ် ၁၀ဆ ရလေ့ရှိသည်။ များသောအားဖြင့် အမှတ် ၇၀၀ သို့မဟုတ် အမှတ် ၁၀၀၀ ပေါ် အခြေခံကာ ရမှတ်ကို ဆုံးဖြတ်လေ့ရှိသည်။
ဗိသုကာမဟာဌာန၏ ဌာနခွဲများတွင် Studio Culture ကိုတွေ့ကြုံဖြတ်သန်းကာ သက်ဆိုင်ရာဘွဲ့များရရှိပြီးနောက်တွင် မိမိတို့၏ သင်ယူခဲ့ရသောပညာရပ်များကို ယထာဘူတကျကျ သိမြင်လေ့ကျင်လုပ်ဆောင်နိုင်သော ပညာရှင်များကို မွေးထုတ်ရန် ရည်ရွယ်သည့်အတွက် Studio Culture မှာ Faculty of Architecture အတွက်အရေးပါလှပေသည်။
———————————————————-
ဖတ်ရှုရန်။
- Faculty ဆိုတာဘာလဲ ( https://www.facebook.com/211646272712215/posts/712097256000445/?d=n )
- Faculty of Architecture ( https://www.facebook.com/211646272712215/posts/714660692410768/?d=n )




Comments