top of page

ARCHITECTURE QUIZ

  • Writer: AAS-YTU
    AAS-YTU
  • Jun 7, 2020
  • 1 min read

Faculty ဆိုတာ ဘာလဲ။


Faculty ဆိုတာကတော့ တက္ကသိုလ်တစ်ခုတွင် အသိပညာ၊ အတတ်ပညာသဘောတရား နယ်ပယ်ဆင်တူသော ဌာနခွဲများကို စုပေါင်းထားသော မဟာဌာနကြီးများကိုဆိုလိုခြင်းဖြစ်သည်။


Autonomous University and Faculties

(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်နှင့် မဟာဌာနကြီးများ)


ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသောတက္ကသိုလ်များများ၏ မဟာဌာနများသည် ပြည်နယ်နှင့်တိုင်းအစိုးရများ၏ အုပ်ချုပ်မှု၊ ဘဏ္ဍာရေးထိန်းချုပ်မှုများကင်းလွတ်ကာ နေ့စဉ်လုပ်ငန်းဆောင်တာပုံစံများ၊ သင်ရိုးညွန်းတမ်းများကို လွတ်လပ်စွာရေးဆွဲနိုင်သော အခွင့်အရေးကိုရရှိနိုင်ပေသည်။


ထို့အတူ Academic Autonomy ဆိုသည်မှာ ပညာရပ်ဆိုင်ရာကိစ္စများအပေါ်သက်ဆိုင်ရာတက္ကသိုလ်၏လုပ်ဆောင်မှုအားနှင့်လျော်ညီစွာလုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ သက်ဆိုင်ရာ မဟာဌာနကြီးများမှ ကျောင်းသားလက်ခံမှုပုံစံ၊ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၊ သင်ရိုးညွှန်းတမ်း အရည်အသွေးဆိုင်ရာ ကိစ္စများနှင့် ကောင်းမွန်သော ဘွဲ့ဒီဂရီအစီစဉ်အသစ်များမိတ်ဆက်ခြင်း အစရှိသည့် ကိစ္စရပ်များနှင့် သုတေသနစာတမ်းများဆိုင်ရာကိစ္စများအပေါ် ပိုမိုလွတ်လပ်သောအမြင်များ၊ လုပ်ဆောင်မှုများဖြင့် အားစိုက်နိုင်ပေသည်။.


Comments


bottom of page