top of page

ARCHITECTURE QUIZ

  • Writer: AAS-YTU
    AAS-YTU
  • Jun 4, 2020
  • 1 min read

Repetition


Design Principlesတွေထဲက တစ်ခုဖြစ်တဲ့ Repetitionဆိုတာကတော့ elementတစ်ခုကို အကြိမ်များစွာ ထပ်တလဲလဲ အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ Line, Shape, Color, Texture စသည့် design elements များကို ထပ်ခါထပ်ခါ သုံးခြင်းအားဖြင့် Repetition တစ်ခုကို ဖန်တီးနိုင်ပါတယ်။ Designတစ်ခုရဲ့ ညီညွတ်မျှတမှု၊ စည်းလုံးမှုဆိုတဲ့ Unityရရှိဖို့ Repetitionကို အသုံးပြုခြင်းဟာ လွယ်ကူတဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ Repetitionမှာ exact repetition, alternative repetition, various repetitionဆိုပြီး (၃)မျိုးရှိပါတယ်။Exact repetitionဆိုသည်မှာ Single elementတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ အသုံးပြုခြင်းဖြစ်ပါတယ်။ သို့သော်လည်း တစ်ခါတစ်ရံမှာ exact repetitionဟာ ငြီးငွေ့ဖွယ်ကောင်းစေတဲ့အခါ Alternative repetitionကို အသုံးပြုကြပါတယ်။ Various repetitionဆိုတာကတော့ elementsတွေကို (Random) ကျပန်း နေရာချပြီး repetitionတစ်ခုဖြစ်အောင် ပုံဖော်ခြင်းပဲ ဖြစ်ပါတယ်။ Repetitionတစ်ခုရဲ့ elementsတွေကြားမှာ လှုပ်ရှားမှုအငွေ့အသက်များကို ပေါင်းစပ်ပြီး Rhythm တစ်ခုအဖြစ်လည်း ဖန်တီးနိုင်ပါသေးတယ်။



Comments


bottom of page