ARCHITECTURE QUIZ
- AAS-YTU

- Jun 3, 2020
- 1 min read
Human Scale
Scale ဆိုသည်မှာ အရာဝတ္ထုတစ်ခု၏ အရွယ်အစား၊ အတိုင်းအတာတို့ကို တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်ခြင်းပင် ဖြစ်သည်။ Human scale ဆိုတာကတော့ လူ့ခန္ဓာကိုယ်ရဲ့ အရွယ်အစား၊ အတိုင်းအတာတို့ကို နှိုင်းယှဉ်သည့် scale တစ်မျိုးပဲဖြစ်ပါတယ်။ လူသားတွေနဲ့ ပတ်ဝန်းကျင်ဟာ များသောအားဖြင့် ဆက်နွှယ်နေလေ့ရှိပါတယ်။ ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုနေတဲ့ အသုံးအဆောင်ပစ္စည်းများဟာလည်း human scaleကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ ဒီဇိုင်းတွေလို့ ဆိုနိုင်ပါတယ်။ ကျွန်ုပ်တို့ နေ့စဉ်ဘဝမှာ အဆင်ပြေပြေ ချောချောမွေ့မွေ့နေနိုင်ဖို့ building designများ၊ interior designများကို ဖန်တီးရာတွင်လည်း human scale ကို ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ ဥပမာ တံခါးပေါက်၊ လက်ရန်း၊ လှေကား၊ စားပွဲ၊ ထိုင်ခုံ စသည်တို့အတိုင်းအတာများကို human scaleဖြင့် နှိုင်းယှဉ်သတ်မှတ်ကြရသည်။ ထို့ပြင် space တစ်ခု၏အကျယ်အဝန်းနှင့် ဧရိယာတို့ကိုလည်း ဆုံးဖြတ်ရာတွင်လည်း လူတို့သက်တောင့်သက်သာဖြစ်စေရန် human scale ကို ထည့်သွင်းစဉ်းစားရသဖြင့် Human Scaleသည် ဗိသုကာတို့အတွက် အရေးပါလှသည့်အချက်တစ်ချက် ဖြစ်ပေသည်။




Comments