ARCHITECTURE QUIZ
- AAS-YTU

- Jun 3, 2020
- 1 min read
Vernacular Architecture
Vernacular Architectureဆိုတာဟာ အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ဒေသထွက်ပစ္စည်းတွေကို အသုံးပြုပြီး အဲဒေသရဲ့ ရိုးရာထုံးစံအတိုင်း ဆောက်လုပ်ထားတာကို ဆိုလိုပါတယ်။ ရှေးယခင်ကတည်းက လူသားတွေဟာ ရာသီဥတုဒဏ်နှင့် တောရိုင်းတိရစ္ဆာန်များ အန္တာရာယ်မှ ကာကွယ်နိုင်ရန် ခိုလှုံစရာနေရာများကို အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းများကို အသုံးပြုပြိး ကိုယ်တိုင်ဆောက်လုပ် နေထိုင်ခဲ့ကြပါတယ်။ ထို့ကြောင့် Vernacular Architectureသည် လူသားမျိုးနွယ် ပေါ်ပေါက်လာကတည်းက စတင်ခဲ့သည်ဟု ဆိုနိုင်ပါတယ်။
ဒေသတစ်ခုနှင့်တစ်ခုရဲ့ ဆောက်လုပ်ရေးmaterialတွေနဲ့ methodတွေ ကွဲပြားတာကြောင့် Vernacular buildingေတွဟာ ဒေသတစ်ခုရဲ့ ယဉ်ကျေးမှု တစ်ခုလည်း ဖြစ်ပါတယ်။ Vernacular Buildingတွေဟာ ဒေသတစ်ခုရဲ့ ရိုးရာဓလေ့တွေကို ဖော်ပြနိုင်ပါတယ်။ ဒေသထွက် material တွေနှင့် အရင်းအမြစ်တွေကို ကောင်းစွာအသုံးချပြီး သဘာဝနှင့် လိုက်လျောညီထွေဖြစ်စေပါတယ်။ ဒါ့အပြင် Vernacular Buildingတွေဟာ local climate ကို အခြေခံကာ ဒီဇိုင်းပြုလုပ်လေ့ရှိတာကို တွေ့နိုင်ပါတယ်။




Comments