ARCHITECTURE QUIZ
- AAS-YTU

- May 29, 2020
- 1 min read
Thermal Insulation
ရာသီဥတုပူတဲ့ဒေသတွေမှာ လူတွေဟာ သူတို့အိမ်တွေရဲ့ indoor spaceမှာ အေးနေတာကို လိုချင်ကြတယ်။ ထို့အတူ ရာသီဥတုအေးလွန်းတဲ့ဒေသတွေမှာလည်း လူတွေဟာ indoor spaceကို နွေးနွေးထွေးထွေးဖြစ်နေတာကို လိုချင်ကြတယ်။ ထို့ကြောင့် buildingတစ်ခုရဲ့ indoor spaceတွေမှာ လိုချင်တဲ့အပူချိန်ကို ထိန်းထားနိုင်ဖို့ Thermal Insulatorတွေကို အသုံးပြုကြပါတယ်။
အပူသည် အပူချိန်မြင့်ရာမှ နိမ့်ရာသို့ ကူးပြောင်းလေ့ရှိပါတယ်။ Thermal insulator တွေဟာ အပူကူပြောင်းခြင်းကို ဟန့်တားခြင်းဖြင့် indoor spaceနှင့် outdoor space ရဲ့ အပူကူးပြောင်းခြင်းကို အနည်းဆုံးဖြစ်အောင် ပြုလုပ်ပေးပါတယ်။ Thermal Insulator တွေကို အများအားဖြင့် နံရံတွေ၊ ခေါင်မိုးတွေမှာ တပ်ဆင်လေ့ရှိပါတယ်။ Thermal insulatorတွေဟာ material အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် တွေ့နိုင်ပါတယ်။
Thermal Insulatorတွေကို သုံးခြင်းအားဖြင့် အဆောက်အဦးတွေရဲ့ indoor space ကို သင့်တော်တဲ့အပူချိန်မှာထိန်းသိမ်းထားနိုင်သလို enery သုံးစွဲမှုကိုလည်း အနည်းနဲ့အများ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။




Comments