ARCHITECTURE QUIZ
- AAS-YTU

- May 28, 2020
- 1 min read
Natural Ventilation
Natural Ventilation ဆိုတာ သဘာဝနည်းလမ်းဖြင့် အဆောက်အဦးရဲ့ အတွင်းပိုင်းနေရာများကို လေဝင်လေထွက်ကောင်းစေခြင်းကို ဆိုလိုပါတယ်။ လူသားတို့ သက်တောင့်သက်သာဖြစ်ဖို့ human comfort အတွက် Ventilation ကောင်းစွာရရှိဖို့ လိုအပ်ပါတယ်။ ခေတ်မီ စက်ပစ္စည်းများမပေါ်ပေါက်မီ ရှေးယခင်ခေတ်ကတည်းက အဆောက်အဦးများကို သဘာဝအတိုင်း လေဝင်လေထွက်ကောင်းအောင် ဆောက်လုပ်ခဲ့ကြပါတယ်။ ယနေ့ခေတ်မှာလည်း Energyကုန်ဆုံးမှုကို လျှော့ချဖို့၊ ကုန်ကျစရိတ် budgetများကို ချွေတာဖို့ အဆောက်အဦးများကို Natural ventilationရရှိအောင် ပြုလုပ်ကြပါတယ်။
Ventilationကိုဖြစ်စေတဲ့ အဓိကအချက်ကတော့ လေဖိအားခြားနားခြင်းကြောင့် ဖြစ်ပါတယ်။ လေသည် ဖိအားများရာမှ နည်းရာသို့ စီးဆင်းတဲ့သဘောရှိပါတယ်။ Natural Ventilation ရရှိဖို့ရန် အရေးပါတဲ့ အချက်တွေကတော့
၁။ အဆောက်အဦးရဲ့ ပုံသဏ္ဌာန်နှင့် တည်နေရာ၊
၂။ အဆောက်အဦးရဲ့ ပန္နက်ပုံစံ (plan)၊
၃။ ပြတင်းပေါက်တွေရဲ့ တည်နေရာနှင့် အရွယ်အစား၊
၄။ ပြတင်းပေါက်ပုံသဏ္ဌာန်နှင့် အမျိုးအစား စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။




Comments