ARCHITECTURE QUIZ
- AAS-YTU

- May 26, 2020
- 1 min read
Recycle Material
စွမ်းအင်များ၊ အရင်းအမြစ်များနှင့် လူ့စွမ်းအားအရင်းမြစ်များ အစရှိသဖြင့် ရေရှည်တည်တံ့ခိုင်မြဲရေးကို ဦးတည်လာသောခေတ်တွင် ဗိသုကာများ၊ ဒီဇိုင်နာများသည် မိမိတို့၏ ဒီဇိုင်းများတွင် ပြန်လည်အသုံးပြု၍ရနိုင်သော ဆောက်လုပ်ရေးပစ္စည်းများနှင့် အခြား Recycle material များကို အစားထိုးသုံးစွဲလာကြသည်မှာ ကောင်းမွန်သော အလားအလာတစ်ခုဖြစ်ပေသည်။
မိမိတစ်ပိုင်တစ်နိုင် ပစ္စည်းများကို Recycle ပြုလုပ် သုံးစွဲခြင်းသာမက ပို၍ကျယ်ပြန့်သော အတိုင်းအတာများဖြင့် ရှုမြင်ကြည့်လျှင်လည်း
အစဉ်အမြဲ အဆောက်အဦးများကိုဖြိုဖျက်ကာ အဆောက်အဦးသစ်များ ဆောက်လုပ်ခြင်းအစား ဆက်လက်အသုံးပြု၍ရနိုင်သော အဆောက်အဦးများကို Structural Reinforcement များဖြင့် ဒီဇိုင်းပြန်လည်ပြုပြင်ခြင်း၊ Architectural Aesthetics အတွက်ပြန်လည်ပြင်ဆင်ခြင်းအရှိသည်ဖြင့် မြို့တွင်းဆောက်လုပ်ရေးလုပ်ငန်းများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကြောင့် ထွက်ရှိလာသော Carbon Footprint ကိုတတ်နိုင်သမျှလျှော့ချနိုင်ပေသည်။




Comments