top of page

ARCHITECTURE QUIZ

  • Writer: AAS-YTU
    AAS-YTU
  • May 21, 2020
  • 1 min read

Parametric Design


Parametric Design တွေဟာ တဖြည်းဖြည်းနဲ့ ၂၁ရာစုမှာ ရေပန်းစားလာတဲ့ ဒီဇိုင်းတစ်ခုဖြစ်လာပါပြီ။ Parameteric Design ဆိုတာဟာ အဆောက်အဦးတစ်ခုရဲ့ ပါဝင်တဲ့အစိတ်အပိုင်းတွေကို စိတ်ကြိုက်ခြယ်လှယ်ပြီး အစိတ်အပိုင်းများစွာနဲ့ ဂျီဩမေတြီပုံသဏ္ဌာန် အသစ်တွေကို ဖန်တီးတဲ့ ဒီဇိုင်းလို့ ဆိုပါတယ်။ Parametric Design တစ်ခုကို သာမန်လုပ်ထုံးလုပ်နည်း ဒီဇိုင်းမျတစ်ခုနှင့် စတင်ပြီး အတိုင်းအတာများကို အမျိုးမျိုးပြောင်းလဲတီထွင်ကာ Design Pattern တစ်ခုအဖြစ် ဖန်တီးခြင်းလည်း ဖြစ်ပါတယ်။ အထူးသဖြင့် Parametric Designတွေကို ကွန်ပျူတာပရိုဂရမ်များဖြင့် ရေးဆွဲလေ့ရှိကြပါတယ်။ သို့သော်လည်း ကွန်ပျူတာပရိုဂရမ်များမပါဘဲ Parametric Designတစ်ခုကို Antoni Gaudiရဲ့ Sagrada Familiaမှာ တွေ့နိုင်ပါတယ်။ Guadi ဟာ သူ့ရဲ့ဒီဇိုင်းကို ကြိုးများတွဲလောင်းချထားတဲ့ scale modalတစ်ခုဖြင့် ပြုလုပ်ကာ ၎င်းကြိုးများရဲ့ အတိုင်းအတာများကို အမျိုးမျိုးပြောင်းလဲပြီး ပုံသဏ္ဌာန်အသစ်များကို ဖန်တီးပါတယ်။ ထို့ကြောင့် သူ့ရဲ့ဒီဇိုင်းများဟာ flexibleဖြစ်ပြီး Organic ဒီဇိုင်းများ ဖြစ်လေ့ရှိပါတယ်။ မျက်မှောက်ခေတ်မှာတော့ Parametric Design များကို Frank Gehry, Zaha Hadid စသည့် အာခီတက်ပေါင်းများစွာတို့ရဲ့ လက်ရာတွေမှာတွေ့ရှိနိုင်ပါတယ်။



ree

Comments


bottom of page