top of page

ARCHITECTURE QUIZ

  • Writer: AAS-YTU
    AAS-YTU
  • May 20, 2020
  • 1 min read

St Basil's Cathedral


ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ တည်ရှိတဲ့ St Basil's Cathedralဟာ အများနဲ့မတူ တမူထူးခြားတဲ့ ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ ၁၅၅၂ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Kazanစစ်ပွဲမှာ မွန်ဂိုတွေကို အနိုင်ရရှိတဲ့ အထိန်းအမှတ်အနေနဲ့ ဘုရင် Ivan the Terrible လက်ထက်မှာ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ မော်စကိုမြို့လယ်မှာရှိတဲ့ ဒီဘုရားကျောင်းဟာ ၎င်းရဲ့ တောက်ပတဲ့‌အရောင်တွေနဲ့ ကြက်သွန်ဥပုံသဏ္ဌာန် Dome တွေကြောင့် ထူးခြားဆန်းသစ်နေပြီး မော်စကိုမြို့ရဲ့ သ‌‌က်ေတတစ်ခုဖြစ်သလို ရုရှားနိုင်ငံရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

St Basil's Cathedralရဲ့ အပြင်ပိုင်းပုံသဏ္ဌာန်ဟာ Asymmetric ဖြစ်နေပြီး အပေါ်ကိုထွက်နေတဲ့ Domeတွေကလည်း ကျပန်း(Random)ဖြစ်နေပါတယ်။ ဘုရားကျောင်းရဲ့ Plan ဟာ ရှစ်မြှောင့်ပုံသဏ္ဌာန် ကြယ်ပုံကို အခြေခံထားပြီး ပင်မဘုရားကျောင်းရဲ့ပတ်ပတ်လည်မှာ Domeပါတဲ့ မျှော်စင်ရှစ်ခုရှိပါတယ်။ ဤဘုရားကျောင်းရဲ့ ဗိသုကာဟန်ဟာ ရုရှားနိုင်ငံမြောက်ပိုင်းမှာတွေ့ရတဲ့ သစ်သားဘုရားကျောင်းများက ဆင်းသက်လာသည်ဟုဆိုသလို အရှေ့ရောမအင်ပါယာက ဘုရားကျောင်းတွေရဲ့ လွှမ်းမိုးမှုကြောင့်လည်း ဆိုကြပါတယ်။ ဒါ့အပြင် အမိုးခုံးတွေမှာရှိတဲ့ အုတ်စီပုံတွေကိုကြည့်မယ်ဆိုရင် ဆောက်လုပ်သူတွေဟာ ဥရောပ‌အနောက်ပိုင်း သို့မဟုတ် အလယ်ပိုင်းက ဖြစ်မယ်လို့ ဆိုပါတယ်။

သို့သော်လည်း St Basilဘုရားကျောင်းရဲ့ ထူးခြားတဲ့ပုံသဏ္ဌာန်နဲ့ အရောင်အသွေးစုံလင်မှုတွေကြောင့် ယနေ့အချိန်ထိ ရုရှားနိုင်ငံရဲ့ အထိမ်းအမှတ် အထင်ကရနေရာ တစ်ခုဖြစ်နေပါတော့တယ်။



Comments


bottom of page