ARCHITECTURE QUIZ
- AAS-YTU

- May 18, 2020
- 1 min read
ဒီမနက် Morning Piece မှာ ဖတ်ရှုရမှာကတော့ Passive Solar Design အကြောင်းပဲ ဖြစ်ပါတယ်။
Passive Solar Design ဆိုတာ စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းတွေရဲ့ အကူအညီမပါဘဲ နေစွမ်းအင်ကို အဓိကအသုံးပြုတဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ အဆောက်အဦးရဲ့ တည်နေရာ နဲ့ ရာသီဥတုတို့ဟာ Passive Solar Designမှာ အခြေခံကျတဲ့ အချက်တွေအဖြစ် ပါဝင်ပါတယ်။ ဒါ့အပြင် ကြမ်းပြင်နဲ့ နံရံတွေကနေ အပူစုပ်ခြင်း၊ အပူပြန်ခြင်း၊ အလင်းပြန်ခြင်းဖြင့် အဆောက်အဦးအတွင်းပိုင်းရဲ့ အပူချိန်ကို ထိန်းချုပ်ပေးတာဖြစ်တဲ့အတွက် အသုံးပြုမယ့် ဆောက်လုပ်ရေးပစ္စည်း (Materials) ကို သေချာရွေးချယ်ရလေ့ရှိပါတယ်။
Passive Solar Design မှာပါဝင်တဲ့ ယေဘုယျအချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ Aperture/ Collector
အဆောက်အဦးအတွင်းကို အလင်းရောင်ဝင်စေမယ့် အဓိကအရာတွေက ပြတင်းပေါက်တွေဖြစ်ပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မျိုးမှာ အခန်းတွင်း အပူချိန်မြင့်မားတာတွေမဖြစ်ဖို့ ပြတင်းပေါက်ရဲ့တည်နေရာက အရေးကြီးပါတယ်။ ထို့ကြောင့် လုံလောက်တဲ့အလင်းရောင်နဲ့ အပူချိန်ရရှိဖို့ ပြတင်းပေါက်တွေဟာ တောင်အရပ်မျက်နှာတည့်တည့်ရဲ့ ၃၀ဒီဂရီအတွင်းမှာ ရှိသင့်ပါတယ်။
၂။ Thermal Mass
ကွန်ကရစ်၊ အုတ်၊ ကျောက် စတာတွေဟာ နေရောင်ခြည်ထဲက အပူကိုစုပ်ယူထားနိုင်သောကြောင့် ၎င်း materialsများကို မှန်ကန်စွာရွေးချယ်ခြင်းအားဖြင့် Passive Solar Design တစ်ခုကို ဖန်တီးနိုင်ပါတယ်။
၃။ Distribution
အဆောက်အဦးအတွင်းသို့ အပူဖြန့်ဝေတဲ့နေရာမှာ Conduction, Convection, Radiation ဆိုတဲ့နည်းလမ်းတွေနဲ့ ဖြန့်ဝေကြပါတယ်။ အဆောက်အဦးထဲကို ဖြတ်စီးတဲ့လေကလည်း အပူဖြန့်ဝေခြင်းအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။ ထို့အပြင် ပရိဘောဂပစ္စည်းတွေကလည်း အပူစုပ်ယူခြင်း၊ အပူထုတ်လွှင့်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
၄။ Control
အမိုးစွန်းများ sun shade များစသည်တို့ကို တပ်ဆင်ခြင်းအားဖြင့် အဆောက်အဦးအတွင်းသို့ ဝင်ရောက်လာမယ့် နေရောင်ခြည်ပမာဏနဲ့ အပူချိန်ကို ထိန်းချုပ်နိုင်ပါတယ်။
Passive Solar Designဟာ သဘာဝအလင်းရောင်နှင့် နေစွမ်းအင်ကို အဓိကအသုံးပြုတာဖြစ်တဲ့အတွက် စွမ်းအင်ကုန်ဆုံးမှုကို လျှော့ချပေးနိုင်ပြိီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နိုင်ပါတယ်။




Comments