ARCHITECTURE QUIZ
- AAS-YTU

- May 17, 2020
- 1 min read
Amphitheater
Amphitheater ဆိုတဲ့စကားလုံးကတော့ ရှေးဟောင်းဂရိစကားလုံးဖြစ်တဲ့ ἀμφιθέατρον (amphitheatron) ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတာပါ။ ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ἀμφί (amphi) ဆိုတာကတော့ နှစ်ဖက်စလုံးမှာ သို့မဟုတ် ပတ်ပတ်လည်မှာလို့ အဓိပ္ပာယ်ရပြီး θέατρον (théātron) ကတော့ ကြည့်ရှုရန်နေရာလို့ဆိုလိုပါတယ်။ အဲ့တော့ Amphitheater ဆိုတော့ကတော့ ပတ်ပတ်လည်မှ ကြည့်ရှုနိုင်သော ပွဲကြည့်ရှုရန်နေရာလို့ ပြောလို့ရပါတယ်။
ယေဘုယျအားဖြင့် Amphitheater တစ်ခုရဲ့အလယ်မှာ Arena လို့ခေါ်တဲ့ စက်ဝိုင်းပုံ သို့မဟြတ် ဘဲဥပုံကွင်းပြင်ကြီးရှိပြီး သူ့ပတ်ပတ်လည်မှာတော့ ထိုင်လို့ရတဲ့ Seating နေရာတွေကို Stage ပုံစံမျိုးနဲ့စီထားပြီး Free-Standing Building အဖြစ်နဲ့မြင်ရတတ်ပါတယ်။ Amphitheater ကိုတော့ Greek ခေတ်ကထဲကနေစတင်ပြီး လူသတ်ပွဲများ၊ သားရိုင်းသတ်ပွဲများအစရှိသည့် အပန်းဖြေ ပျော်ပွဲရွှင်ပွဲပြုလုပ်၊ကြည့်ရှုဖို့အသုံးပြုကြပါတယ်။
အစောဆုံးလက်ရာလို့ပြောရမယ်ဆိုရင် 80.BCE ဝန်းကျင်မှာဆောက်လုပ်ခဲ့တဲ့ Pompeii မြို့မှာရှိတဲ့ Amphitheater ဖြစ်ပြီး ယနေ့တိုင် နာမည်ကျော်ကြားတဲ့ Amphitheater တစ်ခုကိုပြောရမယ်ဆိုပါက 70-80 AD. လောက် Rome, Italy မြို့မှာ Vespasian, Titus ဆောက်လုပ်ခဲ့တဲ့ Flavian Amphitheater လို့ခေါ်တဲ့ Colosseum သို့မဟုတ် Coliseum ကိုလက်ညှိုးထိုးပြရမှာပဲဖြစ်ပါတယ်။




Comments