top of page

ARCHITECTURE QUIZ

  • Writer: AAS-YTU
    AAS-YTU
  • May 15, 2020
  • 1 min read

ဒီနေ့မနက်မှာတို့ ကျွန်တော်တို့တတွေ အသုံးပြုနေကြတဲ့ CAD ရဲ့ စတင်ခဲ့ပုံအကြောင်းကိုဖတ်ရှုရမှာဖြစ်ပါတယ်ခင်ဗျ။


—————————————————————


The Beginning of Computer-Aided-Design


ယနေ့ခေတ်မှာ ကျွန်တော်တို့ Architecture ၊ Design နှင့် Engineering work တွေကိုလုပ်ဆောင်တဲ့အခါမှာ ပုံထုတ်လုပ်ငန်းဟာ အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ နည်းပညာမထွန်းကားခင် ယခင်ကာလတွေမှာ ပုံထုတ်လုပ်ငန်းများအတွက်လက်များဖြင့်ရေးဆွဲခဲ့ကြပေမယ့် အခုအခါမှာ နည်းပညာနဲ့ Software တွေရဲ့အကူအညီကို အသုံးပြုကာရေးဆွဲနေကြပါတယ်။ အဲ့တော့ Computer-Aided-Design က ဘယ်အချိန်ထဲက စတင်ခဲ့ကြတာလဲ။


Computer-Aided-Design တွေရဲ့ အစလို့ပြောမယ်ဆိုရင် 1957 ခုနှစ်မှာ Dr. Patrick J. Hanratty က PRONTO လို့ခေါ်တဲ့ပထမဦးဆုံး commercial numerical-control programming system ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ထို့နောက် 1960 မှာ Ivan Sutherland အမည်ရှိ ပညာရှင်တစ်ယောက်က MIT -Lincoln Laboratory မှာ SKETCHPAD လို့အမည်ရတဲ့ Technical Drawing တွေရဲ့ အခြေခံသဘောတရားတွေကို Computer နဲ့ရေးဆွဲနိုင်တဲ့ Software တစ်ခုကိုတီထွင်နိုင်ခဲ့ပါတယ်။


ree

Comments


bottom of page