Emphasis
- AAS-YTU

- May 14, 2020
- 1 min read
Emphasis ဆိုတာကတော့ အလေးပေးဖော်ပြခြင်းဆိုတဲ့အဓိပ္ပာယ်ပေါ့။ ဗိသုကာ၊ ဒါမှမဟုတ် ဒီဇိုင်နာတစ်ယောက်က မိမိဖန်တီးထားတဲ့ အဆောက်အဦး၊ အနုပညာလက်ရာတွေရဲ့ရည်ရွယ်ရင်း၊ အာရုံစိုက်စေလိုတဲ့အရာတွေကိုအသုံးပြုသူ၊ ကြည့်ရှုခံစားစေသူတွေကို သိစေလိုတဲ့အခါမှာ စာနဲ့ရေးပြီးဖော်ပြတာထက် Design or Artwork တွေမှာ မီးမောင်းထိုးပြထားတတ်ပါတယ်။ ဒါဟာ ဆိုလိုရင်းရောက်တဲ့ Design ကောင်းတစ်ခုမှာရှိသင့်တဲ့ ဝိသေသတစ်ခုလို့ပြောလို့ရနိုင်ပါတယ်။
Visual Emphasis ကို အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်နေလောက်ပြီဖြစ်တဲ့ Design Elements တွေ Design Principles တွေနဲ့ လုပ်လို့ရနိုင်တာက အသေချာပါပဲ။ ဒါပေမယ့် Visual Emphasis ရနိုင်ဖို့အတွက် သတိထားသင့်တာလေးတစ်ခုရှိပါတယ်။ အဲ့တာကတော့ Subordination : အသားပေး မီးမောင်းထိုးပြလိုသော အရာကို ပိုမိုထင်ရှားပေါ်လွင်စေရန်အတွက် အခြားတွဲဖက်အသုံးပြုထားတဲ့ Elements တွေရဲ့ ထင်ပေါ်မှုကို လျှော့ချခြင်းပဲဖြစ်ပါတယ်။ Subordinate လုပ်သင့်တယ်ဆိုတာကို သတိမထားမိရင် Design Emphasis က လိုရင်းမရောက်နိုင်တာကို တွေ့ရပါလိမ့်မယ်။
အောက်မှာတွဲလျက်ပါရှိတဲ့ Building ကို သုံးသပ်ကြည့်မယ်ဆိုရင် Lighting ဝင်ဖို့အတွက် အဓိကရည်ရွယ်ထားတဲ့ Fenestration ဖြစ်တဲ့ Negative Space ကို Façade ရဲ့ Visual Emphasis အနေနဲ့ ပြလိုတဲ့အတွက် façade မှာ အခြားသော Element တွေနဲ့ color ကြောင့်ထင်ရှားမှုတွေကိုလျှော့ချပြီး Visual Emphasis ကို ရရှိအောင်ဖန်တီးထားတာကိုတွေ့ရမှာပါ။ ဒါ့ကြောင့်မို့လို့ Visual Emphasis ကိုဖန်တီးတဲ့အခါမှာ Subordination ကိုမေ့မထားဖို့က အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။




Comments