ARCHITECTURE QUIZ
- AAS-YTU

- May 12, 2020
- 1 min read
ဒီနေ့မနက်အတွက်ဖတ်ရှုစရာကတော့ အားလုံးလည်း စိတ်ဝင်စားလောက်မယ့် Zen Landscape အကြောင်းပဲဖြစ်ပါတယ်ခင်ဗျ။
Zen Landscape
Zen ဆိုတဲ့ ဝေါဟာရဟာ 禅 ဆိုတဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ သက်တောင့်သက်သာရှိခြင်းနှင့် ရှုမှတ်ခြင်းဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်။ အဲ့တော့ Zen Landscape ဆိုတာကလည်း အထက်ဖော်ပြပါ ဝေါဟာရရဲ့ အဓိပ္ပာယ် ရည်ရွယ်ရင်းကိုရရှိစေဖို့ ဝန်းကျင်တစ်ခုကို Design ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။ Zen Landscape Design တစ်ခုပြုလုပ်ဖို့ လိုအပ်တဲ့ Basic Elements တွေကတော့
၁။ အရွယ်အစားအမျိုးမျိုးရှိတဲ့ ကျောက်တုံး၊ ကျောက်ခဲ၊ ကျောက်စရစ်များ
၂။ ရေ နှင့်ဆက်စပ်သည့်အရာများ
၃။ Succulents အပင်များ၊ ပန်းပင်များနှင့် အခြား အပင်များ။
၄။ ထိုင်ရန်နေရာများ
၅။ စင်္ကြံများ
၆။ မြက်ခင်းများ
၇။ သဲများ
၈။ သစ်သား (ဥပမာ- သစ်သားတံတား) အစရှိသည့် Elements များကိုအခြေခံကာ ပတ်ဝန်းကျင်မှအလင်းရောင် (တစ်နည်း- တိုက်ရိုက်မဟုတ်သော၊ စူးရှမှုမရှိသော အလင်းရောင်) ကိုရရှိစေခြင်းဖြင့် Zen Landscape Design များကိုဖန်တီးနိုင်သည်။




Comments