ARCHITECTURE QUIZ
- AAS-YTU

- May 10, 2020
- 1 min read
Gothic architectureနှင့် ကျွန်တော်တို့တတွေ စိမ်းမယ်မထင်ပါဘူး။ ၁၀တန်း အင်္ဂလိပ်စာ ဖတ်စာအုပ်ထဲက Travel in Southeast Asia သင်ခန်းစာထဲမှာ San Sebastian Church နှင့်အတူ Gothicဆိုတဲ့ စကားလုံးနှင့် ရင်းနှီးခဲ့ကြပါတယ်။ ဆိုတော့ Gothic architecture အကြောင်းကို ဒီမနက်မှာ အကျဥ်းချုပ်ပြီးပြောပြသွားမှာပါ။
Gothic architectureဟာ ဥရောပတစ်ခွင်မှာ ထင်ရှားခဲ့တဲ့ ဗိသုကာဟန်တစ်မျိုးဖြစ်ပါတယ်။ ၁၂ရာစုမှ ၁၆ရာစုဝန်းကျင်အထိ ထွန်းကားခဲ့ပြီး အစပိုင်းမှာ opus Francigenum ဆိုတဲ့လက်တင်စကားလုံးနှင့်သာ လူသိများခဲ့ပြီး "French work" လို့အဓိပ္ပာယ်ရပါတယ်။ ၁၅ရာစုနှင့် ၁၆ရာစုအတွင်းမှသာ Gothic ဆိုတဲ့စကားလုံးနှင့် လူသိများလာတာပါ။
Gothic architectureဟာ Romansque architectureမှဆင်းသက်လာပြီး နောက်ပိုင်းမှာRenaissance architectureအဖြစ် အသွင်ကူးပြောင်းခဲ့ပါတယ်။ Romansque architectureမှာ semicircular arch တွေကိုသုံးခဲ့ပေမယ့် Gothic architectureမှာတော့ pointed or ogival arch တွေကိုသာ သုံးခဲ့ပြီး ပိုရှည်၊ ပိုသွယ်တဲ့ columnတွေကို အသုံးပြုခဲ့ပါတယ်။ Pointed archတွေကို အသုံးပြုခဲ့တဲ့အတွက် pointed ribbed vault တွေဟာလည်း ထင်ရှားတဲ့ ဝိသေသလက္ခဏာတစ်ခု ဖြစ်လာပါတယ်။
Gothic architecture ကိုအသုံးပြုတည်ဆောက်ထားတဲ့ medieval cathedral, abbey, church, castle, palace, townhall, guildhall, university တွေကို ဥရောပတစ်ခွင်မှာတွေ့နိုင်ပါတယ်။ အဓိကအားဖြင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို Gothic architecture နှင့်တည်ဆောက်ခဲ့ပါတယ်။ gothic churchတွေမှာ ကျက်သရေနှင့် အလင်းရောင်ဆောင်ကြဥ်းဖို့ အရောင်အမျိုးမျိုးနှင့် ပုံစံအမျိုးမျိုးဖော်ထားတဲ့ stained glass windowတွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။ လက်ရာမြောက်တဲ့ ဗိသုကာဟန်ဖြစ်တဲ့အတွက် Gothic architectureနှင့်တည်ဆောက်ထားတဲ့ အဆောက်အအုံတော်တော်များများဟာ UNESCO World Heritage Sites အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။
ဆိုခဲ့တဲ့အတိုင်း နောက်ပိုင်းမှာတော့ Renaissance architectureအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။




Comments